Arc - 1.18

7.1K 937 18
                                    

Zawgyi(ပေါ်လာသေးတယ်နော် သာသာ)

အကုန်လုံးဟာ တိတ်ဆိတ်နေကြသည်။ သူတို့ဟာ ကွန်ပျူတာဖန်သားပြင်၌မြင်တွေ့ခဲ့ရသော ပုံရိပ်တွေကိုအခုထိမယုံကြည်နိုင်ကြသေးချေ ။ သူတို့ရိုးသားဖြူစင်သည်လို့ ထင်ခဲ့ရသော လူငယ်လေးဟာ တကယ်တမ်းကျတော့ အကြံကြီးကာ ကောက်ကျစ်တဲ့လူငယ်တစ်ယောက်ဖြစ်နေပါလား ။သူတို့ရှေ့မှာ လုပ်ပြခဲ့သော ပြောခဲ့သော အမူအရာ စကားတိုင်းဟာ ထိုလူငယ်ရဲ့ဟန်ဆောင်သရုပ်ဆောင်မှုတစ်ခုသာဖြစ်ပြီး တကယ်တမ်းကျ ထိုလူငယ်ဟာ မျက်နှာနှစ်ခွနဲ့လူငယ်တစ်ယောက်၊ အစ်ကိုဖြစ်သူကို အစွပ်စွဲခံရတော့ အစ်ကိုဘက်ကနေပါပေးခဲ့ပြီး အရမ်းချစ်ပြသလိုပြုမူခဲ့သည်။တကယ်တမ်းကျတော့ နောက်ကွယ်က ကြိုးကိုင်သူက ထိုလူငယ်ဖြစ်နေခဲ့သည်။

မိန်းကလေးကအမှန်ပြောတော့လည်း သူ့ကိုစ္ပွပ်စွဲသည်ဘာညာနှင့် သနားကမားပြုလုပ်ကာ လူတိုင်းရဲ့သနားကြင်နာမှုကိုရယူသွားသေးသည်။ အတွင်းစိတ်ကတော့ ပန်းသီးပုတ်လိုပဲ ရွံ့စရာကောင်းလွန်းသည်။ အရူးလုပ်ခံရတဲ့ သူတို့ကိုယ်သူတို့သနားမိသည်။

မစ္စတာဂျွန်စတုန်ဟာ မယုံကြည်နိုင်ဖြစ်နေရပြီး သူတကိုယ်လုံးတာင့်ခဲနေသည်။ ဟင်နရီဆိုတဲ့ကလေးကို သူတို့လင်မယားမွေးစားခဲ့စဉ်က ဟင်နရီဟာ လိမ်မာယဉ်ကျေးကာ ရိုးသားဖြူစင်တဲ့ကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ သူ့သမီး ဒိုရာဟာ ဒီကလေးကိုမကြည်ဖြူလို့ ရန်စကားပြောတိုင်း သူ့မှာ ဒိုရာကိုဆူပူရတာအမြဲပဲ။

သူ့သားShayကျတော့ ပိုက်ဆံကိုဖြုန်းကာ အပြင်မှာခပ်ဆိုးဆိုးနေခဲ့တယ်။Shayဟာ ဟင်နရီကိုအမြင်မကြည်ပေမဲ့ ဘာမှတော့မပြောပေ။နောက်ပိုင်းမှာ သူ့သားShayဟာ ပြောင်းလဲလာခဲ့သည်၊ အရင်လိုလည်းမဆိုးသွမ်းတော့ပဲ သူ့ညီ ဟင်နရီအပေါ်ကိုလည်း ကောင်းကောင်းမွန်မွန်ခေါ်ပြောဆက်ဆံလာတာတွေ့ရတော့ သူတို့ကြည်နူးရသည်။နောက်ဆုံးတော့ ကလေးတွေတစ်ယောက်နဲ့တစ်ယောက်လက်ခံလာကြပြီပေါ့။

သို့ပေမဲ့ သိပ်မကြာခင်ကပဲ သူတို့ထင်တဲ့ လိမ်မာယဉ်ကျေးတယ်ဆိုတဲ့ဟင်နရီဟာ Shayကို တခြားလူရှေ့မှာ အပုတ်ချပြောဆိုသည်ကိုကြုံတွေ့ခဲ့ရသည်။အဲ့အချိန်က သူအတော်ဒေါသထွက်ခဲ့ပေမဲ့ ကာယကံရှင်ဖြစ်တဲ့ Shayဟာ ခွင့်လွှတ်ပေးကာ ဟင်နရီအခုလိုဖြစ်ရတာဟာ ဂရေဟမ်ကြောင့်လို သူ့မိန်းမကလည်းပြောလာတော့အံ့သြရသေးသည်။နောက်မှသိရတာ ဟင်နရီဟာ ဂရေဟမ်ကိုသဘောကျနေသည်ဆိုပဲ ၊Shayဟာ ဂရေဟမ်အတွင်းရေးမှူးဖြစ်သွားတာကြောင့် မနာလိုပြီးပြောမိခဲ့ခြင်းတဲ့။ဒါပေမဲ့ ကိုယ့်ရဲ့အစ်ကိုကို တခြားလူရှေ့မှာ အပုတ်ချပြောဆိုတာကိုတော့ သူတို့သဘောမကျချေ။နောက်ပြီး ဂရေဟမ်ဟာလည်း ဟင်နရီကို လုံးဝစိတ်ဝင်စားပုံမရပဲ Shayကိုသာ သဘောကျနေသည်ကို သူတို့လင်မယား အဲ့ကလေးရဲ့မျက်ဝန်းတွေကို ကြည့်တာနဲ့သိနေခဲ့သည်။သူတို့သားငယ်အတွက်တော့ စိတ်မကောင်းဖြစ်ရတာပေါ့။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now