Arc - 3.15

5K 646 18
                                    

Unicode

ထိုနေ့ကစပြီး လီထယ်မင်းက မင်အိမ်တော်ကိုနေ့တိုင်းအားတိုင်းလာလေ့ရှိတယ်။ ထူးဆန်းစွာပင် လီထယ်မင်းကို အမြင်မကြည်တဲ့ မင်ဟယ်ယန်းက လီထယ်မင်းရောက်လာတိုင်း နွေးထွေးစွာကြိုဆိုသည်။ Shayကတော့ လက်ပိုက်ကာကြည့်နေရုံကလွှဲပြီး ဘာမှမလုပ်နိုင်ပေ။အဓိကဇာတ်ကောင်ဆီက ဇာတ်လိုက်ကိုလုယူပြီးတာကြောင့် ဒီကမ္ဘာကထွက်သွားချင်သော်လည်း Owlဆိုတဲ့ငနာလေးက ပေါ်ကိုမလာတော့ဘူး။

"Shay..မင်္ဂလာဝတ်စုံရွေးကြည့်..ရှေးခေတ်ပုံစံနဲ့ဆောင်ကြမလား။ဒီခေတ်စတိုင်ပဲ ဆောင်ကြမလား?"

လီထယ်မင်းက ဖုန်းထဲကနေ ဝတ်စုံတွေပြကာမေးလာ၏။ လက်ထပ်ဖို့ကို တက်ကြွဆုံးကတော့ ဘယ်သူလဲလို့မေးရင် လီထယ်မင်းပဲ။

"ဒါ.."

Shayလည်း အဖြူရောင်သတို့သားဝတ်စုံကို လက်ညိုးထိုးပြလိုက်တယ်။

"ကိုယ်ကရှေးခေတ်ပုံစံကြိုက်ပေမဲ့..ထားပါလေ၊Shayသဘောကျပေါ့။ ဘာပဲဖြစ်ဖြစ်..အိမ်ပြန်ရင် မင်္ဂလာထပ်ဆောင်ကြမှာပဲကို"

နောက်ဆုံးစကားကို လီထယ်မင်းက သူကြားရုံသာပြောသွားတာကြောင့် Shayကမကြားလိုက်ချေ။Shayက သက်ပြင်းချလိုက်ပြီး...

"လီထယ်မင်း မင်းငါ့ကိုသိနေမှတော့ ငါဒီကမ္ဘာထဲဘာလို့ရောက်လာသလဲဆိုတာလည်းသိမှာပဲ။ ငါနောက်ကမ္ဘာကိုသွားရဦးမယ်။ဒီကမ္ဘာထဲမှာပဲအချိန်ကုန်ဆုံးလို့မဖြစ်ဘူးနော်"

"အင်း..သိပါတယ်။ဒီမှာ..Shay သတို့သားဝတ်စုံကိုကျွန်တော်ကအနက်ရောင်ဝတ်မယ်၊Shayက အဖြူရောင်လေးဝတ်နော်..နောက်ပြီး...."

"....."

Shay သက်ပြင်းမောချမိပြန်သည်။သကောင့်သားက သူပြောတာအာရုံရှိပုံမရ၊ လက်ထပ်ဖို့ကိစ္စကိုပဲ ပိုစိတ်ဝင်တစားရှိနေသည်။

"ဒါနဲ့..မင်းဘာလို့ငါ့ကိုသေအောင်လက်ထပ်ချင်နေတာလဲ?မင်းငါ့ကိုချစ်လို့လား"

"...."

လီထယ်မင်း Shayကိုလှည့်ကြည့်လိုက်တယ်။Shayက သူ့ကိုမျက်ခုံးလေးပင့်ကာ စိန်ခေါ်နေသလိုလာကြည့်နေတာမြင်တော့ ခပ်တိုးတိုးရယ်လိုက်တယ်။ထိုနောက် Shayကိုသူ တမြတ်တနိုးစိုက်ကြည့်လိုက်တယ်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now