Arc - 6.11

1.9K 242 1
                                    

Unicode

လီအိုနေးရဲ့ပါးတစ်ဖက်ဟာ အနည်းငယ်နီရဲလို့သွားသည်။သူကတစ်ဖက်လူကိုရန်တွေဲခြင်းနှင့်လက်ပြန်ပါခြင်းမရှိပဲ ငြိမ်ပြီးသာငုံ့ကြည့်လို့နေသည်။ ရိုင်ရယ်ကလည်းမျက်လုံးလေးပြူးကာထိုမြင်ကွင်းကိုကြည့်နေမိသည်။ လီအိုနေးတစ်ယောက်အသံတိတ်ကာဒေါသထွက်နေသည်ဟုရိုင်ရယ်ကထင်လိုက်ပြီး လီအိုနေးဟာအယ်လ်ဒန်ကိုတစ်ခုခုလုပ်လိုက်မှာကိုသူကစိုးရိမ်မိသွားသည်။ ဒါပေမဲ့ လီအိုနေးကသူထင်ထားသလို အယ်လ်ဒန်အပေါ်ဒေါသတကြီးတိုက်ခိုက်လာမဲ့အစား တင်းကြပ်စွာဖက်လိုက်သည်ကိုသူမြင်လိုက်ရသည်။

ထိုအခိုက်အတန့်မှာသူတင်မကပဲ အန်းရက်စ်နှင့်အိုလီယန်ဟာလည်း ကြောင်အမ်းသွားကြသည်။ အန်းရက်စ်ကကြောင်အနေရာမှအရင်ဆုံးသတိဝင်လာကာ စိတ်တိုသွားပြီး လီအိုနေးကိုအယ်လ်ဒန်အနားမှဆွဲခွာပစ်လိုက်ကာ အယ်လ်ဒန်ကိုသူ့အနောက်သို့ပို့လိုက်သည်။ ထိုနောက်တစ်ဖက်လူကိုခပ်စူးစူးစိုက်ကြည့်ကာ ခက်ထန်စွာပြောလိုက်၏။

"မင်းကဘယ်သူလဲကွ!ဘာလို့အယ်လ်ကိုလက်လွတ်စပယ်လာထိပါးရဲတာလဲ!"

"ငါ့လူကိုငါ့ဘာသာထိတာ မင်းနဲ့ဆိုင်လား..ဘေးဖယ်စမ်းပါ"

လီအိုနေးဆီမှတုန့်ပြန်ပြောဆိုသည့် အထက်စီးလေသံကြောင့် အန်းရက်စ်ကပို၍စိတ်တိုထွက်သွားသည်။ အယ်လ်ဒန်ကိုခေါ်မလို့လုပ်နေသည့် လီအိုနေး၏လက်အားခပ်ကြမ်းကြမ်းရိုက်ပုတ်ပစ်လိုက်ပြီး..

"မင်းလူစကားနားမလည်ဘူးလား။အယ်လ့်ကိုလာမထိနဲ့!"

"အေး ငါကရေသူထီးမလို့လူစကားကိုနားမလည်ဘူးကွ!ရှင်းလား.."

လီအိုနေး၏ခပ်ပြတ်ပြတ်စကားကြောင့် အန်းရက်စ်ကအူကြောင်ကြောင်ဖြစ်သွားသည်။

"ရေသူထီး??မင်းကရေသူထီး..ဟုတ်လို့လား!မလိမ်နဲ့.."

"မင်းကိုလိမ်တော့ဘာရမှာမလို့လဲ။Shay..အဟမ်း အယ်လ် အဲလဒူကိုပြောပြလိုက်ပါဦး"

လီအိုနေးဟာအယ်လ်ဒန်၏လက်ကလေးကိုလှမ်းကိုင်၍ပြုံးရင်းပြောလိုက်သည်။ Shayလည်းသူ့အဖြေကိုစောင့်နေသည့် အန်းရက်စ်ကိုလှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်ကာ..

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now