Arc - 4.5

4.2K 581 28
                                    

Unicode

စံအိမ်တော်ထဲသို့ အဲဗလင်းရောက်လာသည်နှင့် စံအိမ်တော်ကိုအကဲခတ်လိုက်ပြီး ဟိုဟိုဒီဒီလည်းလျှောက်ကြည့်နေမိသည်။ ထိုစဥ် သူမနဲ့ပထမဆုံး စတွေ့ခဲ့တဲ့ အချိုးမပြေသောမှင်စာလေးဟာ သူမဆီရောက်လာ၏။

ထိုမှင်စာက သူမကိုအထက်အောက်သေချာမြေလှန်ကြည့်နေပြီး စကားကို အချိုးမပြေစွာပြောလာ၏။

"လတ်စသတ်တော့ အိမ်ခြေရာမဲ့မကြီးပါလား ။"

"နင်!"

"ဟမ်း အနောက်ကလိုက်ခဲ့ အစ်မကြီးနေရမဲ့အခန်းလိုက်ပြပေးဖို့ Butlerကပြောထားတယ်"

သူပြောချင်ရာပြောပြီး သူမလိုက်လာမလာစိတ်မဝင်စားသလိုဖြင့် အရှေ့ကနေတလှုပ်လှုပ်နဲ့ထွက်သွားသော မှင်စာကို အဲဗလင်း ဖနောင့်နဲ့ဆောင့်ကန်ချင်စိတ်တွေဖြစ်ပေါ်လာသည်။

'စိတ်ထိန်းစိတ်ထိန်း..သူမကအခုလောလောဆယ် ဧည့်သည်ပဲ။နောက်ဆို ဒါစီအိုမိသားစုရဲ့ချွေးမဖြစ်တော့မှာ အဲ့အချိန်ကျမှ ဒီမှင်စာကိုနုပ်နုပ်စဥ်းပစ်မယ်!'

မှင်စာက သူမကို သူမနေရမဲ့အခန်းကိုခေါ်သွားပေးသည်။ အခန်းရှေ့ရောက်သည်နှင့် မှင်စာက ချက်ချင်းပြန်ထွက်သွားမလို့လုပ်နေတာကြောင့် အဲဗလင်းလှမ်းတားလိုက်၏။

"နေဦး။ငါနင့်ကိုမေးစရာရှိသေးတယ်။ သခင်လေးဒါစီအိုကဘယ်မှာလဲ။"

"တန်လို့လား။"

"ဘာပြောတယ်"

"အစ်မကြီးက သခင် ဘယ်မှာလဲဆိုတာသိရအောင် တန်လို့လားလို့။ Butlerပြောတာ အဲ့ဘက်က နှင်းမုန်တိုင်းကြောင့် ဒီမှာခဏပဲနေမှာဆို..အဲ့ဆိုလည်း အေးဆေးနေတော့လေဗျာ။ သခင် ဘယ်မှာလဲဆိုတာ မေးစရာအကြောင်းရှိလို့လား"

"နင် နင်ငါ့ကိုအခုလိုဆက်ဆံတဲ့အတွက် နောင်တရစေရမယ် တောက်စ်!"

"သူများမှာနောင်တဆိုတာမရှိဘူးလေ အစ်မကြီးရ..ကဲ သွားပြီ။"

"နင် ပြန်လာခဲ့!"

ဒါပေမဲ့ မှင်စာစုတ်ကတော့ ပျောက်ချင်းမလှပျောက်လို့သွားလေသည်။ အဲဗလင်း အခန်းတံခါးကိုဆောင့်ပိတ်လိုက်ပြီး ကုတင်ပေါ်ထိုင်လိုက်တယ်။ထိုနောက် သူမပေါက်ကွဲလာတာကြောင့် စောင်နဲ့ခေါင်းအုံးတွေကိုပစ်ပေါက်လိုက်သည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now