Arc - 2.13

5K 781 20
                                    

Zawgyi

မနက်ခင်းရောက်တဲ့အခါ Shayမှာ ဘုရင်မင်းမြတ်ကဖိတ်ခေါ်ထားတာကြောင့် စောစောစီးစီးနန်းတော်ကို ထသွားရသည်။ဇိုးလ်ကိုခေါ်ချင်ပေမဲ့ မသင့်တော်တာကြောင့် အမြန်ဆုံးပြန်လာမည်ဟုပြောကာ အိမ်မှာပဲနေခိုင်းခဲ့သည်။ဒါတောင် ဒီကလေးက မျက်ရည်လေးအချွဲသားဖြင့် သူ့ကိုလှည်းနားထိလိုက်ပို့ပေးလေသည်။

Shayထွက်သွားပြီးသည့်နောက် ဇိုးလ်ဟာ အိမ်တော်ထဲပြန်ဝင်လာလိုက်သည်။ဧည့်ခန်းရောက်သည်နှင့် ဒုတိယအိမ်တော်ကလူတွေနဲ့တိုးလေသည်။သူတို့က ဆိုဖာမှာသူတို့အိမ်တော်လိုမျိုး အခန့်သားနဲ့ ထိုင်နေကြပြီး ဇိုးလ်ကိုမြင်တဲ့အခါ ရွံ့ရှာစရာသတ္တဝါလေးသဖွယ်ကြည့်လာကြသည်။

အကြီးဆုံးသားက ဇိုးလ်ကို အထင်သေးသလိုကြည့်ကာ..
"ဟေ့!ဒီနေ့မင်းရဲ့ပါးပါးမရှိဘူးဆိုတော့ မင်းမှာဘာအကာအကွယ်မှရှိမှာမဟုတ်ဘူး..မင်းသေဖို့သာပြင်ထား!!"

"...."
ဇိုးလ်က အသက်မပါသောမျက်ဝန်းနဲ့သာစိုက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောပဲ ဒီအရူးတသိုက်အနားကထွက်သွားလိုက်သည်။

ထိုအခါ အကြီးဆုံးသားက လျစ်လျူရှုခံလိုက်ရတာကြောင့် ဒေါသထွက်ကာ ထမလို့ပြင်လိုက်ပေမဲ့ သူ့အမေရဲ့တားဆီးခြင်းကိုခံလိုက်ရသည်။

"သား အေးဆေးပေါ့!ဒီကောင်စုတ်ကလေးကို ခဏလွှတ်ထားလိုက်ဦး..အခုချိန် သွားလုပ်ရင်အမေတို့အတွက်ဘာအကျိုးမှရှိမှာမဟုတ်ဘူး။"

"စီးရစ်က နန်းတော်ကိုဘာကိစ္စသွားတာလဲ?ဘယ်အချိန်ပြန်လာမှာလဲ?"ဟု မစ္စတာဂျိုးကအထိန်းတော်ကိုမေးလိုက်သည်။

"သခင်ကြီးကို ဘုရင်မင်းမြတ်က ညစာစားဖို့အတွက်ဖိတ်ကြားလို့သွားတာပဲ..သေချာတာကတော့ ကြာမယ်လို့ကျွန်တော်ထင်တယ်..အရင်ကတည်းက သခင်ကြီးစီးရစ်က ဘုရင်မင်းမြတ်ကိုကပ်ဖားချင်နေတာလေ.."

"အင်း!ဒါဆို ဘယ်လိုလုပ်ကြမလဲ?ငါတို့အစီအစဉ်ကို..ဟိုကောင်စုတ်ကလေးကောင်းကျိုးမပေးတာကို စီးရစ်မြင်အောင်ဘယ်လိုပြကြမလဲ!"

"ရှင်ကလည်း အေးဆေးပါ။ကျွန်မတို့အတွက်အချိန်တွေရှိပါသေးတယ်။မနေ့က စီးရစ်က စိတ်မကြည်လို့ ကျွန်မတို့ကိုအော်ငေါက်ခဲ့ပေမဲ့ အခုကြည့်လေ ကျွန်မတို့ ဒီမှာနေနေရတုန်းပဲမလား။အဓိပ္ပါယ်က စီးရစ်က ကျွန်မတို့ကို မောင်းမထုတ်ရက်ဘူးဆိုတဲ့သဘောပဲ..!စီးရစ်က အခုချိန်ထိ ကျွန်မတို့လက်အောက်မှာရှိနေတုန်းပဲ..!"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now