Arc - 2.2

7K 992 29
                                    

Zawgyi

Shayတစ်ယောက် ကလေးကိုကိုယ်ပတ်တိုက်လို့ပြီးသည်နှင့် အချိန်ကိုက်ဆိုသလို အထိန်းတော်ဟာပြန်ရောက်လာသည်။သူ့အနောက်တွင် ဆရာဝန်တစ်ယောက်ပါလာသည်။ထိုဆရာဝန်က အခန်းထဲကိုဝင်လာပြီး သူ့ကိုမြင်သည်နှင့် မျက်လုံးတစ်စုံက အလိုမကျမှုဖြစ်သွားပေမဲ့ ခဏလေးပဲဖြစ်ကာ ပြန်ပျောက်သွားသည်။ဒါပေမဲ့ Shayကေတာ့ မြင်ဖြစ်အောင်မြင်လိုက်သည်။

"သခင်ကြီး ဆရာဝန်ခေါ်လာပါပြီ..."

Shayလည်း မတ်တပ်ရပ်လိုက်ကာ အရင်ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ပုံစံအတိုင်း လက်ပိုက်လိုက်ပြီး မေးကိုမြင့်တင်လို့..အထက်စီးလေသံနှင့်ပြောလိုက်သည်။

"အေး ။ ဒီကေလး ဘာဖြစ်တာလည်း အမြန်စစ်ဆေးပေးပါ."ဟု ထိုဆရာဝန်အားကြည့်ကာ ပြောလိုက်သည်။

ဆရာဝန္က အင်းမလုပ်အဲမလုပ်ဖြင့် သူ့ဘေးမှဖြတ်သွားကာ ကလေးဘေးမှာဝင်ထိုင်ပြီး ကလေးကိုစစ်ဆေးသည်။Shayနှင့် အထိန်းတော်ကဘေးကနေရပ်ကြည့်နေကြသည်။စစ်ဆေးပြီးသည်နှင့် ဆရာဝန္က မျက်မှောင်ကြုတ်ကာ Shayဘက်သို့လှည့်ကြည့်လာသည်။

".ဒီကလေးကိုဘယ်သူရေပတ်တိုက်ပေးထားတာလဲ"

အထိန်းတော်က သူတိုက်ပေးထားတာမဟုတ်တာကြောင့် သူ့သခင်ကြီးအား တအံ့တသြနှင့်လှည့်ကြည့်လာသည်။သခင်ကြီးက ဒီကေလးကို ကိုယ်တိုင်ရေပတ်တိုက်ပေးထားတာလား။

Shayက ခပ်တည်တည်ဖြင့်သာ..
"ငါတိုက်ပေးထားတာ အဲ့တော့..."

"..."

ဆရာဝန္က သူ့ကိုသာစိုက်ကြည့်လာပြီး ထိုနောက် ဘာမှမပြောလာပဲ တစ်ဖက်သို့မျက်နှာပြန်လှည့်သွားကာ သက်ပြင်းချသံတိုးတိုးကိုပင်သူကြားလိုက်သည်။

"သခင်ကြီးစီးလ်ရစ် ကေလးက အပြင်းဖျားနေတယ်။ဆေးတစ်လုံးထိုးပေးခဲ့မယ်.. ဆေးတိုက်ဖို့လည်း ဆေးပေးခဲ့မယ်။နောက်ပြီး ကလေးကိုအင်္ကျီလဲပေးပြီး နွေးနွေးထွေးထွေးထားပေးပါ.."ဟုပြောကာ ကလေးအားဆေးထိုးပေး၏။

Shayလည်း ဆရာဝန်လုပ်လို့ပြီးစီးသည်နှင့် ကလေးဘေးနားသို့သွားကာ ကလေးရဲ့ခေါင်းကိုပွတ်သပ်ပေးပြီး..

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now