Arc - 3.5

5.1K 676 1
                                    

Unicode

Shayတစ်ယောက် သန့်စင်ခန်းမှခြေလှမ်းကျဲများဖြင့်ထွက်လာလိုက်ပြီး သူ့ဆီချဥ်းကပ်ဖို့လာသောလူတချို့ကိုလည်းမမြင်နိုင် ပြိုင်ကားပေါ်တက်ကာ မောင်းထွက်လာလိုက်သည်။

"ချီးပဲ..အဲ့ကောင်ကဘယ်သူလဲ!ကြောက်စရာကြီး။မင်းတွေ့လိုက်လား သူငါ့ကိုသူ့ဟိုမုန်းနဲ့လာတိုက်ခိုက်တာ..Alphaအချင်းချင်းတောင် ငါမနိုင်ခဲ့ဘူး..ရှက်စရာပဲ!တောက်!
သူ့ကြောင့် ဇာတ်လိုက်ကောင်ကိုတောင် သွားအနှောင့်အယှက်မပေးခဲ့ရဘူး။ ဒီလိုပုံနဲ့ oocပြုတ်ဖို့ဘယ်လိုလုပ်မှာလဲဟ!"

[အဟမ်း..ခုနကလူက ဇာတ်လိုက်ပါ။]

"ဘာ!"

ပြိုင်ကားက လမ်းဘေးတစ်နေရာမှာ ရပ်တန့်လို့သွားသည်။Shay တအံ့တသြဖြစ်သွားကာ သူ့ဦးနှောက်ကိုအလုပ်ပေးလိုက်ရသည်။

"အဲ့ကောင်က ဇာတ်လိုက်?!!ဒါဆို ငါကဇာတ်လိုက်မအေဘေးကောင် ကစားတာခံလိုက်ရတာပဲ။ ချီးပဲ..ဒင်းကိုအနှောင့်အယှက်ပေးဖို့ကို..ဒင်းက ငါ့ကိုပြန်အနှောင့်အယှက်လာပေးသွားတာပဲ!

နေဦး။ မင်းပြောတော့ ဇာတ်လိုက်က VIPအခန်းမှာဆို..ဘာလို့ VIPအခန်းနဲ့အဝေးကြီးက သန့်စင်ခန်းကိုရောက်လာတာလဲ။"

[မသိပါဘူး။ ငါကဇာတ်လိုက်မှမဟုတ်တာ။ အဲ့ဒါထက် မင်း ဇာတ်လိုက်နဲ့ထိလိုက်ချိန် တစ်ခုခုခံစားလိုက်ရတယ်မလား]

Shayခေါင်းညိတ်လိုက်၏။ဟုတ်တယ်..ပဝါကိုယူဖို့လုပ်စဥ် ဇာတ်လိုက်ကောင်ရဲ့အသားနဲ့ထိလိုက်တဲ့အချိန်မှာ ဓာတ်လိုက်သလိုကျင်ခနဲခံစားလိုက်ရတယ်။ အဲ့ကောင်က လျှပ်စစ်လူသားလားမသိဘူး။

[အဲ့ဒါငါထင်တာမမှားရင် မင်းနဲ့သူနဲ့က မိတ်ဖက်တွေပဲ]

"....ဟမ်?"

[ဒီလောကမှာ မိတ်ဖက်ဆိုတာရှိတယ်။ အယ်ဖာနဲ့အိုမီဂါ မိတ်ဖက်..အယ်ဖာနဲ့အယ်ဖာမိတ်ဖက်။သူတို့ရဲ့မိတ်ဖက်နဲ့အသားချင်းထိမိတာ၊ မျက်နှာချင်းဆိုင်မိရင် သိသာတယ်။အဲ့လူကိုမြင်ပြီး ကိုယ်ကရင်တွေအခုန်မြန်လာတယ်။ ဒီလူက ကိုယ့်ရဲ့သက်ဆိုင်သူမိတ်ဖက်ဆိုတာချက်ချင်းခံစားကြရတယ်။ နောက်ပြီး ကိုယ့်ရဲ့ဟိုမုန်းအနံ့တွေလည်း ထိန်းမရအောင် ထွက်ပေါ်လာရတယ်။ ဒါကြောင့် မင်းလည်း ထိုလူနဲ့တွေ့တော့ မင်းရဲ့ဟိုမုန်းအနံ့တွေထိန်းမရ၌ထြွက်လာသလို ထိုလူ့ဆီက ဟိုမုန်းအနံ့တွေလည်း ထွက်ပေါ်လာတယ်လေ။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now