Arc - 2.24

4.4K 650 31
                                    

Unicode

သေစမ်း။

ဒီကောင်လေးဆီမှာ ဘယ်လိုဖြစ်လို့ဒိုင်ယာရီစာအုပ်ကရှိနေရတာလဲ။အဲ့ဒါထက် ဘယ်လိုရှာတွေ့သွားတာလဲ။သူသေချာကိုလုံလုံခြုံခြုံကြီးဖွက်ထားခဲ့တာလေ။

Shayတစ်ယောက် ဇိုးလ်ရဲ့မျက်ဝန်းကိုစိုက်မကြည့်ပဲ မျက်ဝန်းကိုထောင့်ကပ်ကာ ပြောလိုက်တယ်။
"ဘာ ဘာတွေပြောနေတာလဲ..မင်းကငါ့ရဲ့သားအရင်းပဲလေ။ အဲ့စာအုပ်ကဘာလဲ..ငါ ငါမမြင်ဖူးဘူး"

"ဟက်.."

ထွက်ပေါ်လာတဲ့ရယ်သံသဲ့သဲ့ကြောင့် ဇိုးလ်တံတွေးမြိုချလိုက်တယ်။ သူစကားက အပိုတွေဆိုတာသူလည်းသိပါတယ်။ဒါပေမဲ့ ဇိုးလ်က သူ့ရဲ့သားအရင်းမဟုတ်တာကို သေချာသိသွားရင် သူ့ကိုဒေါသထွက်သွားမှာ။ပြောလို့မရဘူး အငြိုးကြီးနဲ့.."ဒါဆို ငယ်ငယ်က ကျွန်တော့်ကိုနှိပ်စက်ခဲ့တာ အဲ့ဒါကြောင့်ပေါ့!"ဆိုပြီးလည်း ဖြစ်မှာ။နောက်ပြီး သူ့အမေနဲ့အဖေအကြောင်းကိုလည်း မေးတော့မှာပဲ။

Shayတစ်ယောက် သူ့ဘာသာဇာတ်လမ်းတွေထွင်ပြီး ခေါင်းမူးချင်လာသည်။အရင်ဆုံး ဇိုးလ်ကို သူကအဖေအရင်းဆိုတာယုံအောင် ပြောရဦးမည်။

"မင်း အဲ့စာအုပ်ဘယ်ကတွေ့သလဲတော့ ပါးမသိဘူး။ဒါမဲ့ တကယ်ပြောတာ ပါးက မင်းရဲ့အဖေရင်းပဲ။ဒါက ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး။"

ဇိုးလ်က သူ့ကိုခပ်စူးစူးနဲ့စိုက်ကြည့်နေတာကြောင့် Shayဖြူစင်ရိုးသားစွာပြုံးပြလိုက်သည်။ဇိုးလ်က သက်ပြင်းချကာ သူ့ကိုလွှတ်ပေးလိုက်ပြီး ဆိုဖာမှာခြေချိတ်ပြီးထိုင်လို့နေတယ်။သူ့ရဲ့လက်နှစ်ဖက်ကို ဆိုဖာနောက်မှီတဲ့အပေါ်ကိုတင်ထားတာကြောင့် ကြည့်ရတာ မိမိုက်လို့နေတာပဲ။

နေပါဦး..ဇိုးလ်ကအရင်တုန်းကအခုလိုမျိုးမထိုင်ဖူးပါဘူး။

ဇိုးလ်ရဲ့ခပ်တည်တည်မျက်နှာက အေးစက်မှုတွေကိုမြင်နေရပြီး သူ့ကိုစူးစိုက်ကြည့်နေသည့်မျက်ဝန်းဟာ မသိရင် သူ့ခန္ဓာကိုယ်ကိုဖောက်ဝင်တော့မလိုပဲခံစားရသည်။

Shay ဇိုးလ်အရှေ့မှာရပ်နေရတာ တမျိုးကြီးခံစားလာရတာကြောင့် လွတ်မြောက်ဖို့အတွက် တစ်ခုခုကိုအမြန်တွေးတောလိုက်တယ်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now