Arc - 1.6

9.1K 1K 48
                                    

Zawgyi

Shayက ဟင်နရီကိုလျစ်လျူရှုလိုက်ပြီး သူ့အမေကိုလှည့်ကြည့်ကာ ပြောလိုက်တယ်။

"ဒီပန်းအိုးက ရှေးဟောင်းပန်းအိုးဗျ..ဒေါ်လာသန်းကျော်တယ်..."

"ဟင်!ငါ့သားတကယ်ပြောနေတာလား!"

သူ့အမေကတအံ့တသြပြောကာ ပန်းအိုးကိုမြှောက်ကာကြည့်တော့သည်။ဟင်နရီကလည်း မယုံကြည်နိုင်စွာဖြစ်သွားကာ နောက်တော့သူက shayလိမ်နေတယ်ပဲထင်သွားသည်။ဒီလောက် ဒေါ်လာသန်းကျော်ရှိတဲ့ရှေးဟောင်းပန်းအိုးကို shayကဘယ်ဝယ်နိုင်မယ်လို့သူမထင်ချေ။ဘာလို့ဆို အဲယ်ရီနာနဲ့တင် shayပိုက်ဆံအတော်ကုန်ထားတယ်ဆိုတာသူသိနေတယ်လေ။

ဒါကြောင့်ပဲ ဟင်နရီက ပန်းအိုးကိုအသာထိပြီး shayကိုကြည့်ကာ မေးလိုက်တယ်။သူ့မျက်ဝန်းထဲမှာတော့ လှောင်ပြောင်ရိပ်တွေနဲ့ပေါ့။

"ဒေါ်လာသန်းကျော်တယ်?!Shay မင်းအဲ့လောက်ထိများတဲ့ပိုက်ဆံတွေဘယ်ကရတာလဲဟင်?Shay ဒါကသာမာန်ပန်းအိုးဆိုလဲဘာမှမဖြစ်ပါဘူး အမေက မင်းပေးတာဘာပဲဖြစ်ဖြစ် သဘောကျမှာပါ..အာ ငါကမင်းကိုလိမ်ညာနေတာလို့မဆိုလိုပါဘူးနော် တကယ်လို့လိမ်ရင်လည်း အမြန်အမှန်ပြောလိုက်နော် ဒီမှာရှိတဲ့လူတွေကလျို့ဝှက်ထားပေးမှာပါ.."

ဟင်နရီရဲ့နူးညံ့တဲ့လေသံနဲ့ အစ်ကိုဖြစ်သူအပေါ်လိမ်လည်သူမဖြစ်စေရန် ပြောပြနေပုံဟာ တစ်ပါးသူများအတွက်'ဒီကောင်လေးဟာ ကြင်နာတတ်ကြီး အစ်ကို့အတွက်စဉ်းစားပေးတတ်တာပဲ'လို့ွေးထင်ကြနည်မှာအမှန်ပေ။သို့ပေမယ့် Shayကတော့ ဟန်ဆောင်မနေပဲ ခနဲ့သောအပြုံးဖြင့်...ပြန်ပြောလိုက်သည်။

"ဟက်!ငါလိမ်တယ်လို့ ဘာလို့မင်းကအဲ့လောက်ပြောနေရတာလဲ?ဘာလဲ မင်းကရှေးဟောင်းသုတေသနပညာရှင်မို့လို့လား?ဒီပန်းအိုးကအတုလားအစစ်လားမင်းခွဲတတ်လို့လား?"

ဟင်နရီဟာ သူ့ကိုဘာမဟုတ်တဲ့လူလိုပြောလာတဲ့Shayကြောင့် တင်းသွားပေမယ့် စိတ်ထဲတော့ပြုံးလိုက်တယ်။Shayက ဒေါသထွက်ပြီး သူ့ကိုရင့်ရင်းသီးသီးဆက်ဆံနေတယ်။ဒါက သူ့အတွက်အခွင့်အရေးပဲ။ဟင်နရီဟာ ထိုအတွေးနဲ့မျက်နှာကိုညိုးငယ်လိုက်ကာ သူကတုန်ရီနေသောလေသံလေးဖြင့်ပြောလိုက်သည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now