Arc - 2.31(Final)

6.3K 659 16
                                    

Unicode

Shay မျက်စိဖွင့်လိုက်တဲ့အခါ အမည်မသိသောနေရာတစ်ခုသို့ရောက်ရှိနေတယ်။ သူ့ပတ်ပတ်လည်မှာ မြူခိုးတွေနဲ့သာပြည့်နေပြီး အရာအားလုံးက ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့။ Shay ခြေလမ်းအနည်းငယ်လှမ်းကာ ရှေ့သို့သွားလိုက်တယ်။အဲ့ဒီအချိန်မှာပဲ လူတစ်ယောက်က သူ့ရှေ့ကနေရုတ်တရက်ကြီးဖြတ်သွားတာကြောင့် Shayလန့်သွားရတယ်။

"Wtf!"

Shayထိုလူကိုကြည့်တော့ ထိုလူဟာ အမည်းနဲ့အနီရောစပ်ထားသော ရှေးခေတ်အဝတ်အစားကိုဝတ်ဆင်ထားတယ်။ ထိုလူ့ရဲ့ဆံပင်တွေက ဖားလျားချထားပေမဲ့ နက်မှောင်ပြီးပျော့ဆင်းလို့နေတယ်။Shay ထိုလူ့ရှေ့သို့လျှောက်သွားလိုက်ပြီး ခေါ်လိုက်တယ်။

"ဟေ့..ကိုယ်ဘယ်ရောက်နေ..အမလေး!"

သူအော်လိုက်မိတာလည်းမထူးဆန်းဘူး..ဒီလူကမျက်နှာလည်းမပါဘူး။ပြောရရင် သူ့မျက်နှာကို Shayမမြင်ရဘူး။Shay ထိတ်လန့်လို့လာတယ်။ Shayတစ်ယောက် သရဲအရမ်းကြောက်တတ်တယ်။

"ငါသရဲခြောက်ခံနေရတာတော့မဟုတ်ဘူးမလား!!"

ထိုစဥ်မှာပဲ ထိုလူ့ရဲ့ရှေ့မှာတစ်စုံတစ်ယောက်ပေါ်လာတယ်။မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမကပန်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမဝတ်စုံဟာ ပန်းပွင့်လေးများနဲ့အလှဆင်ထားတာကြောင့် မသိရင်ပန်းပွင့်လေးများက သူမဘေးမှာပျံဝဲနေသယောင်ထင်မှတ်ရတယ်။ခုနကလူလိုပဲ ထိုမိန်းကလေးမျက်နှာကို Shayမမြင်ရဘူး။

Shay အူတူတူနဲ့ရပ်ကြည့်နေတုန်း ထိုမိန်းကလေးက လှဲကျသွားတယ်။ထိုလူနဲ့အတူ Shayလည်းတပြိုင်နက် ထိုမိန်းကလေးကို ကြောင်တောင်တောင်နဲ့ငုံ့ကြည့်လိုက်တယ်။ကြည့်နေရင်းမှာပဲ ထိုမိန်းကလေးရဲ့ဆီမှ ငုံသံကြားတာကြောင့် သူမငိုနေတာကိုShayသိလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ လူတစ်ယောက်ကအပြေးရောက်လာပြီး အခြေအနေကိုလာကြည့်နေပုံရတယ်။ ထိုလူတွေတစ်ခုခုတော့ပြောနေကြတယ်။ ဒါပေမဲ့အသံတွေက တိုးတိုးနဲ့သေချာမကြားရဘူး။

နောက်မှရောက်လာတဲ့ ထိုလူက အဖြူရောင်နဲ့အနီရောစပ်ထားသောဝတ်စုံကိုဝတ်ဆင်ထားတယ်။ထိုလူ့ရဲ့ မျက်နှာကိုမမြင်ရပေမဲ့ ခန္ဓာကိုယ်အချိုးအစားကိုကြည့်ပြီး Shayသဘောကျသွားတယ်။ လုံးဝသူ့အကြိုက်ပဲ။နောက်ပြီး ထိုလူ့ကိုကြည့်ရတာ Shayအနေနဲ့ရင်းနှီးကျွမ်းဝင်သလိုခံစားရတယ်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now