Arc - 4.6

4.5K 564 34
                                    

Unicode

"သခင် သခင်!"

Shayမှာ သူခေါ်နေတာကိုမကြားပဲ သူ့လက်ကိုဆွဲကာအရှေ့ကနေ ဒေါသတကြီးသွားနေတဲ့ မေးလ်ဇက်ကြောင့် နောက်ဆုံး အသံကျယ်ကျယ်နဲ့အော်ခေါ်လိုက်တော့သညိ။ထိုအခါမှ ခြေလှမ်းတွေရပ်တန့်သွားကာ သူ့ကိုလှည့်ကြည့်လာသည်။

Shayလန့်သွားသည်။ မေးလ်ဇက်ရဲ့မျက်စံတို့ကနီရဲနေပြီး ဘေးပတ်လည်ကမည်းနက်နေသည်။ နောက်ပြီး နှင်းကျားသစ်ရဲ့နားရွက်တစ်စုံကထွက်နေပြီး လည်ပင်းသွေးကြောတွေလည်းထောင်နေသည်။

'ဖာ့စ်..ဘာလား။သူ အရမ်းဒေါသထွက်နေတာမဟုတ်ဘူးလား'

[Good Luck Host]

'-ီးကိုGood Luckလာလုပ်!'

Shay မေးလ်ဇက်ကိုပြုံးပြလိုက်ပြီး ခေါင်းဆီကို လက်ညိုးထိုးပြလိုက်တယ်။

"အမ်..သခင် နားရွက်ထွက်နေပြီ။"

"...."

"သခင်?အင့်!"

ဘာမှပြန်မပြောတာကြောင့် သူထပ်ပြောမလို့ရှိသေး ရုတ်တရက် သူ့ကိုနံရံဆီတွန်းဖိလာတဲ့ မေးလ်ဇက်ကြောင့် Shayကျောနာသွားကာ လန့်လည်းလန့်သွားသည်။

'ဖာ့စ်!သူဒေါသထွက်တာနဲ့ ငါကအလုပ်ခံရတော့မှာလား။ငါဘာလုပ်လို့လဲ..မင်းဒေါသထွက်တာ ဇာတ်လိုက်မကိုလား ငါ့ကိုလား!'

"ဖင်းး ခင်ဗျားဘာလို့ အဲ့တစ်ယောက်ခိုင်းတာကိုလုပ်ပေးချင်ရတာလဲ!"

'အိုခေ။ငါ့ကိုပဲ'
"အဲ့ဒါက ကျွန်တော်က အစေခံတစ်ယောက်ပဲလေ။ခိုင်းတာကိုလုပ်ပေးရမှာ ကျွန်တော့်ရဲ့တာဝန်ပဲကို"

"မဟုတ်ဘူး။ခင်ဗျားကအစေခံမဟုတ်ဘူး။ခင်ဗျားက Butlerတစ်ယောက်။ကျွန်တော့်ရဲ့Butler!နောက်တစ်ခါကျွန်တော်မဟုတ်ရင် ဘယ်သူခိုင်းခိုင်းဘာဆိုဘာမှလုပ်မပေးရဘူး။ကြားလား"

"..ကြားပါတယ်။ ဒါမဲ့ အဲ့မိန်းကလေးကလိုအပ်တာရှိလို့ တောင်းဆိုရင်ရော?"

"မပေးနဲ့..သူကဒီမှာမုန်တိုင်းကြောင့်ခိုလုံတာလေ။စည်းစိမ်လာခံတာမဟုတ်ဘူး။မုန်တိုင်းဆဲရင် ချက်ချင်းကန်ထုတ်ပစ်မှာ။ခင်ဗျားလည်း အဲ့တစ်ယောက်နဲ့လုံးဝအရောမဝင်နဲ့.."

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now