Arc - 5.9

2.7K 393 10
                                    

Unicode

"wtf!ငါအမြင်မမှားဘူး။အဲ့ဒါငါ့မျက်ခွပ်ကြီးပဲဟ....ငါကဆံပင်ရှည်နဲ့ချောသားပဲ"

Shayတစ်ယောက်အရင်ဆုံးတွေးမိသည်မှာ သူဆံပင်အရှည်နှင့်လိုက်ဖက်မဖက်ဆိုတာပဲဖြစ်တယ်။သူအရင်ကဆံပင်အရှည်ထားရတာမကြိုက်ပေမဲ့ အခုတော့ ဆံပင်ရှည်မထားခဲ့မိတာကိုနောင်တရသွားတော့တယ်။

ထိုစဥ် ထိုနှစ်ဦးကသစ်ပင်အနီးနားကိုလျှောက်လာတဲ့အခါ ပြောဆိုနေကြတဲ့စကားသံတွေကိုလည်းရှင်းလင်းစွာသူကြားလိုက်ရတယ်။

"ငါဒီမှာကြာကြာနေလို့မရဘူး..ခဏနေရင်မိစ္ဆာတိုင်းပြည်ကိုပြန်ရမှာ။မင်းပြောစရာရှိတာအမြန်ပြောရမယ်"ဟု သူ့မျက်နှာနဲ့တစ်ယောက်ကတစ်ဖက်လူကိုပြောသံထွက်ပေါ်လာတယ်။

'ဖာ့စ်!အသံကအစတလေသံထဲ..နားထောင်ကောင်းတယ်!'

"ကျွန်တော်ပြောစရာတာကိုပဲအမြန်ပြောမှာပါ Shay"

'သောက်ကျိုးနဲ နာမည်ကအစလာတူတာတော့မဟုတ်သေးဘူး!'
သစ်ပင်တစ်ဖက်ခြမ်းမှာပုန်းနေတဲ့Shayတစ်ယောက်ကတော့ တစ်ခုပြီးတစ်ခုတူနိုင်လွန်းနေတာကြောင့် အံ့သြပြီးရင်းသာအံ့သြလို့နေ၏။ ထိုနောက် သူကတစ်ဖက်က မိုးပြာရောင်ဝတ်ရုံနဲ့လူကိုစိုက်ကြည့်လိုက်တယ်။ ထိုလူကိုပြောရရင်တော့ တော်တော်လေးချောမောတယ်။လုံးဝသူကြိုက်တဲ့ပုံစံပဲ။ ထိုလူ့မျက်နှာက တော်တော်ကိုလှပတာပဲ။နီစွေးနေတဲ့နှုတ်ခမ်းတို့ကပြစ်မှားချင်စရာ။အရပ်က သူ့ထပ်အနည်းငယ်မြင့်လောက်တယ်။ ခန္ဓာကိုယ်ကတော့ လုံးဝအချိုးကျပြီးကြည့်ကောင်းတယ်။ ဒါနဲ့ ဒီလူကိုမြင်ဖူးသလိုပဲ၊ဘယ်မှာမြင်ဖူးတာပါလိမ့်။

"Shayကိုကျွန်တော်ချစ်တယ်။ကျွန်တော်ရဲ့ကြင်ယာတော်အဖြစ်လက်ခံပေးပါ"

"ဘာ!!!"

Shayနှစ်ယောက်လုံး အံ့အားသင့်သွားကြတယ်။အဖွင့်ပြောခံလိုက်ရတဲ့Shayကလည်း လှုပ်ရှားမှုတွေရပ်တန့်သွားကာ သူ့ရှေ့ကလူကိုစိုက်ကြည့်နေမိတယ်။

ထရစ်ဗစ်က နူးညံ့စွာပြုံးကာ သူကShayဆီကိုတိုးသွားလိုက်ပြီး ထပ်ပြောပြန်တယ်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now