Arc - 1.16

6.8K 925 31
                                    

Zawgyi

မွေးနေ့ပွဲသို့ရောက်လာသူများသာမက မစ္စတာဂျွန်စတုန်တို့ဟာလည်း အဲလ်ရီနာ၏ပြောစကားကြောင့် အံ့သြမယုံကြည်နိုင်ဖြစ်နေကြစဉ် လူငယ်တစ်ယောက်တော့မပါချေ။

ဟင်နရီဟာ နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးနေသည်။ပြီးနောက် သူကမယုံကြည်နိုင်ဖြစ်နေတဲ့ မျက်နှာအမူအရာနှင့် ရှေ့ထွက်လာကာ ဝင်ပြောတော့သည်။

"မင်း ငါ့အစ်ကိုကို သိက္ခာလာချနေတာလား!အစ်ကိုက မိန်းမပွေရှုပ်တာမှန်ပေမဲ့ မိန်းကလေးတစ်ယောက်ကို အဲ့လိုမျိုးတော့ လုပ်မှာမဟုတ်ဖူးကွ!!"ဟု ပြောလာသည့်ပုံမှာ ဘေးကလူတွေအမြင်မှာတော့ အစ်ကိုဖြစ်သူကကာကွယ်ပေးနေတဲ့ ညီလေးတစ်ယောက်လို့မြင်သွားကြသည်။

သူတို့က Shayကို ကြည့်လိုက်ကြသည် ။Shayဟာ တချိန်လုံးတိတ်ဆိတ်နေကာ အဲလ်ရီနာပြောတဲ့စကားကိုလည်း ပြန်လည်ငြင်းဆိုခြင်းမပြုချေ ။နောက်ပြီး အရင်က Shayဟာ ဆိုးသွမ်းတယ်လို့လည်း ကောလဟာလရှိတာကြောင့် လူတိုင်းက သို့လောသို့လောနှင့်ထင်မြင်နေကြသည်။

အဲလ်ရီနာဟာ...မျက်နှာထားကိုတင်းကာ..

"ကျွန်မကပြောတာ မယုံလည်းမတတ်နိုင်ဘူး!နောက်ပြီး ဘာကိစ္စ ကျွန်မက ဒီနေရာကိုရောက်လာပြီး လိမ်ပြောရမှာလဲ!ရှင်တို့လို လူတွေက တစ်ခုခုဆို စစ်ဆေးကြမှာပဲကို ကျွန်မကလိမ်ညာပြောဆိုပြီး ကိုယ့်သေတွင်းကိုတူးရမှာလား...!"

"အေး သူမပြောတာလည်း ဟုတ်သားပဲ..!"

"ဟင်!အဲ့ဒါဆို သူမပြောတာအမှန်တွေပေါ့ Shayဆိုတဲ့တစ်ယောက်က အဲ့လိုလုပ်ခဲ့တာပေါ့!!"

"ဟုတ်မှာပေါ့!ကြည့်ပါလား သူငြိမ်ပြီး ဘာမှပြန်မပြောနိုင်တာ..!!"

"ဟယ် ရုပ်ကလေးနဲ့မှမလိုက်!မထင်ရဘူးနော်...!"

"တကယ်မှန်ရင် တော်တော်ယုတ်မာတာပဲ မိန်းကလေးတစ်ယောက်ကို စော်ကားပြီး ကိုယ်ဝန်ရစေခဲ့တယ်!တာဝန်လည်း မယူဘူး!"

"အမယ်လေး မစ္စတာဂျွန်စတုန်ကတော့ မျက်နှာကိုပါးချခံရတာပဲ!သူက သူ့သားအလတ်ကို တအားချီးမွမ်းပြီး သူ့သားအတွက် ဂုဏ်ယူနေတာ...ဘယ်ထင်မလဲ သူ့သားက ဂုဏ်သိက္ခာတွေကို ခြွေချသွားပြီဆိုတာ...!"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now