Arc -2.7

6.3K 884 12
                                    

Zawgyi

သူ့အခန်းရှေ့ရောက်တော့ ဆက်လိုက်လာသေးတဲ့အထိန်းတော်ကြောင့် အနောက်လှည့်ကာပြောလိုက်သည်။

"မင်းလည်း အနားယူတော့လေ..။နောက်ပြီး မနက်ကျရင် ဇိုးလ်အတွက် နွားနို့ပူပူလေးလုပ်ထားပေး..!"

"ဟုတ်ကဲ့ပါ သခင်ကြီး။ကျွန်တော်ပြင်ဆင်ပေးထားပါမယ်။ သခင်ကြီးရော သောက်ဦးမလား?"

အထိန်းတော်ကို အမိန့်ပေးပြီးသည်နှင့် အခန်းထဲဝင်မလို့တံခါးဖွင့်နေတုန်းရှိသေး အထိန်းတော်ရဲ့အမေးကြောင့် စိတ်တိုသွားကာ အော်ပြောလိုက်သည်။

"ငါက နွားနို့သောက်ရအောင် ကလေးလား!!ဇိုးလ်အတွက်ပဲလုပ်ထား!"

စေတနာနှင့်မေးမိတာကို အအော်ခံလိုက်တာကြောင့် အထိန်းတော်မှာ ငိုမဲ့မဲ့ဖြစ်သွားကာ ဝမ်းနည်းစွာပြန်ပြောလိုက်သည်။
"ဟုတ် ဟုတ်ကဲ့ပါ သခင်ကြီး..ဒါဆို သခင်ကြီးအနားယူလိုက်ပါဦး..!"

Shayလည်း သက်ပြင်းချလိုက်ပြီး အခန်းထဲသို့ဝင်သွားတော့သည်။ဇိုးလ်ဟာ ကုတင်ပေါ်၌အိပ်မောကျနေပြီး အခန်းထဲမှာ ဇိုးလ်ရဲ့အသက်ရှူသံသေးသေးလေးတစ်ခုသာ အတိုင်းသားကြားနေရပြီး သူ့စိတ်ထဲတောင်အေးချမ်းသွားသလိုခံစားရသည်။Shayလည်း ခြေသံခပ်ဖွဖွနင်းကာ ကုတင်အနားသို့သွားလိုက်ပြီး ဇိုးလ်ဘေး၌ဝင်အိပ်ရန်ပြင်ဆင်တုန်း ရုတ်တရက် အပေါ့အပါးသွားချင်လာတာကြောင့် ကုတင်ပေါ်တက်ဖို့ပြင်နေရာမှ ရပ်တန့်ကာ သန့်စင်ခန်းဆီသို့ဦးတည်လိုက်သည်။

သန့်စင်ခန်းရောက်တဲ့အခါ သူ့ရဲ့ညဝတ်၊ဝတ်ရုံကိုအနည်းငယ်ဖြည်ပြီး သူ့အငယ်ကောင်ကိုထုတ်လိုက်၏။ထိုနောက် အပေါ့သွားလိုက်တော့သည်။အဲ့ဒီနောက် အပေါ့သွားနေရင်း ပျင်းလာတာကြောင့် သန့်စင်ခန်းတဝိုက်ကို ခေါင်းလှည့်ကာလိုက်ကြည့်ရင်း ဘာရယ်မဟုတ်အနောက်သို့တစ်ချက်အကြည့်ပို့လိုက်ချိန်မှာ လန့်သွားရသည်။ဇိုးလ်ဟာအသံမပေးဘာမပေးနဲ့ ဘယ်ချိန်ကတည်းက သန့်စင်ခန်းတံခါးဝမှာရပ်တန့်နေခဲ့သလဲမသိချေ။ သူ့တကိုယ်လုံးကိုဖောက်ထွက်သွားတော့မတတ်စိုက်ကြည့်လို့နေသည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now