Arc - 5.5

2.6K 423 9
                                    

Unicode

Shayနဲ့ Markက ငြိမ်သတ်စွာဖြင့် ထိုလူကိုစိုက်ကြည့်နေမိကြသည်။ ဒီလူဟာမည်သူနည်း၊ ဘယ်ကနေဘယ်လိုရောက်ရှိလာသလဲမသိပေမဲ့ ဆိုးသွမ်းနေသည့်Joelကိုထိုလူကအလွယ်လေးထိန်းချုပ်လိုက်နိုင်သည်။ဘုန်းတော်ကြီးများလား။

အဟွတ်..ဟွတ်

တိတ်ဆိတ်နေသောရပ်ဝန်းထဲ ချောင်းဆိုးသံတစ်သံကဖြိုခွင်းလာသည်။ Lucyက အသက်ခဏပျောက်သွားရာမှ သတိပြန်လည်လာသည်။ Jashကလည်း အခုမှစိတ်သက်သာရာရသွားသည်။ သူကLucyကိုထူပေးလိုက်၏။

"တော်သေးတာပေါ့..တော်သေးတာပေါ့"

"..Jash..?ကျွန်မ..ဘာဖြစ်သွားတာလဲ"

Lucyက ဖြစ်ခဲ့တာတွေကိုသတိရသွားသည်။သူမ Joelရဲ့လည်ပင်းညစ်ခြင်းကိုခံနေရပြီး သေတော့မလိုဖြစ်ခဲ့ရသည်မဟုတ်ပါလား။ ဒါပေမဲ့ ကြည့်ရတာ သူမကိုjashဟာကယ်တင်ခဲ့ပုံပေါ်သည်။ တော်သေးတာပေါ့ လင်မရသေးခင်သေကံမပါလို့ပေါ့။

Markကတော့ Lucyအဆင်ပြေတာမြင်တော့ သူလည်းစိတ်ပေါ့ပါးသွားသည်။ဒါပေမဲ့ သူ့သူငယ်ချင်းနောက်တစ်ယောက်က အဆင်မပြေသေးပေ။Markက ထိုလူဆီကိုကပ်သွားလိုက်ပြီး joelကိုငုံ့ကြည့်လျက်မေး၏။

"ခင်ဗျားကဘယ်သူလဲမသိပေမဲ့ ကျွန်တော့်ရဲ့သူငယ်ချင်းတွေကိုကယ်တင်လိုက်တဲ့အတွက် ကျေးဖူးတင်ပါတယ်။Joelကအခုအဆင်ပြေရဲ့လားဗျာ?"

Lucyနဲ့Jashကလည်း ထိုလူကိုမော့ကြည့်ကာ စူးစမ်းနေကြ၏။ JashကLucyကိုပဲစိတ်အာရုံရောက်နေခဲ့တာကြောင့် ထိုလူကိုယခုမှသတိထားမိသည်။Lucyကလည်း သူမအသက်တောင်သေမလိုဖြစ်ခဲ့တာကြောင့် သေချာပေါက်ထိုလူရှိနေမှန်းတောင်မသိခဲ့ပေ။သူမကလည်း ထိုလူကိုပြူးပြူးကြောင်ကြောင်ဖြင့်ကြည့်နေမိ၏။

ဒါပေမဲ့ ထိုလူကတော့ Markရဲ့စကားတို့ကိုတုန့်ပြန်ခြင်းမရှိလာခဲ့ပဲ သူဟာShayဆီသို့တန်းတန်းမတ်မတ်လျှောက်သွားသည်။အဲ့ဒီနောက် Shayရှေ့မှဒူးတစ်ဖက်ထောက်လျက်သားထိုင်ချလိုက်ပြီး သူ့ရဲ့အကြည့်များက Shayရဲ့ဘယ်ဘက်ခြေထောက်၌ရစ်ဝဲနေ၏။ Shayလည်း ထိုလူ့ရဲ့အကြည့်ကြောင့် တိတ်ဆိတ်နေမိသည်။ ဘာလို့လည်းမသိ ထိုလူ့ဆီကနေ ဒေါသရိပ်အငွေ့အသတ်တို့ရနေသည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now