Arc - 6.18

899 110 0
                                    

Unicode

"ငါဟိုဖက်သွားရှာလိုက်မယ်..မင်းအဲဒီဖက်ကိုသွားရှာလိုက်!"

လီအိုနေးကရိုင်ရယ့်ကိုပြောလိုက်သည်။ရိုင်ရယ်လည်းခေါင်းညိတ်ကာလက်ခံလိုက်ပြီး လီအိုနေးနှင့်ဆန့်ကျင်ဖက်အရပ်သို့ထွက်သွားလိုက်သည်။

လမ်းတွင်မြင်တွေ့ခဲ့သောရေသူတွေကိုလည်း သူဟာမေးမြန်းမိသည်။

"အယ်လ်ဒန့်ကိုတွေ့မိကြသေးလား?"

အကုန်လုံးကခေါင်းကိုသာယမ်းခါပြပြီး မတွေ့မိကြောင်းပဲပြောလာကြသည်။ ထိုစဥ်ရေသူတွေထဲမှတစ်ယောက်ကသူတွေ့မိကြောင်းပြောလာသည်။

"သူဂျိုဝီဆိုတဲ့ရေသူထီးနဲ့ထွက်သွားတာကိုငါမြင်လိုက်တယ်။"

"ဂျိုဝီ?"
'အဲဒါသူ့ဆီကိုလာပြီးမိတ်ဆက်တဲ့ဂျိုဝီဆိုတဲ့ရေသူထီးမလား'

"အင်း..သူတို့နှစ်ယောက်ဘယ်လိုသူငယ်ချင်းဖြစ်နေကြသလဲဆိုတာငါစဥ်းစားမရဘူး။"

"ဘာလို့လဲ?"

ထိုရေသူထီးဟာချီတုံချတုံဖြစ်လို့နေပြီးနောက် ခပ်တိုးတိုးဖြေလာသည်။

"ဘာလို့ဆို ဂျိုဝီကအယ်လ်ဒန်ကိုသဘောမကျဘူးလေ။ဂျိုဝီကမင်းရဲ့အမာခံပရိတ်သတ်ကြီး.."

"...."

"ငါမကောင်းပြောတာတော့မဟုတ်ပေမဲ့ လီအိုနေးကသူနဲ့အယ်လ်ဒန်ကအတွဲတွေဆိုပြီးထုတ်ပြောတုန်းက..ဂျိုဝီကတော်တော်လေးအဆင်မပြေဖြစ်နေခဲ့တာ။ငါသိတယ်ဆိုတာကလည်း သူကအမြဲလူကြောက်တတ်လို့သနားပြီးသူ့ကိုခင်ပေးတာလေ။ဒါမဲ့နောက်ပိုင်းသူကထူးဆန်းလာတာ။ အယ်လ်ဒန်ကလီအိုနေးနဲ့မတန်ဘူးတွေရော..လီအိုနေးကမှမင်းနဲ့အတွဲဖြစ်သင့်တာ..အယ်လ်ဒန်မရှိရင်ကောင်းမယ် အဲလိုကြီးတွေပြောလာတာ။ငါလည်းကြက်သီးထပြီးသူ့အနားကထွက်သွားလိုက်တာပဲ"

ရိုင်ရယ်ဟာစိုးရိမ်စိတ်တို့မြင့်တက်သွားရသည်။ ထိုနောက်သူဟာရေသူထီးလေးကိုပြုံးပြလိုက်ပြီး...

"ငါအမြန်သွားမှရတော့မယ်။ပြောပြပေးလို့ကျေးဇူးပဲ"

ရေသူထီးလေးကတော့ရိုင်ရယ့်ရဲ့လှပတဲ့အပြုံးကြောင့် ရင်ခုန်သွားကာ ရိုင်ရယ်ထွက်သွားသည်ကိုလက်ပြနှုတ်ဆက်ရင်းကျန်နေခဲ့တော့သည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now