Arc -2.25

4.8K 618 17
                                    

Unicode

နောက်နေ့မနက်တွင် Shayအိပ်ရာမှထလိုက်ပြီး သမ်းဝေကာ အပျင်းကြောဆန့်လိုက်တယ်။ဒါပေမဲ့ သူ့ရဲ့အပျင်းကြောဆန့်နေမှုကလေထဲမှာတင် ရပ်တန့်လို့သွားရသည်။အကြောင်းမှာ ဇိုးလ္က သူ့ကုတငျဘေးမှာဃွြေိတျပွီးထိုငျကာ သူ့ကိုပြုံးပြုံးကြီးဖြင့်စိုက်ကြည့်နေသည်။ဘာလို့မှန်းမိသ Shayတစ်ယောက် သူ့စောင်ကိုတင်းကြပ်စွာဆုတ်ကိုင်ကာ အပေါ်သို့ပိုတိုးခြုံမိသွားသည်။

"ဇိုးလ်...မင်း ဘယ်အချိန်ကရောက်နေတာလဲ။အဲ့ဒါထက် ဘာလုပ်ဖို့ရောက်နေတာလဲ..တစ်ခုခုလိုချင်ရင်လည်း ပါး-ငါ့ကိုနှိုးလိုက်တာမဟုတ်ဘူး"

ပါးစပ်ကလည်း ပါးဆိုတဲ့အသုံးအနှုန်းကိုစွဲပြီး ပြောမိတယ်။ဇိုးလ်က ထိုင်နေရာမှမထပဲ လေသံအေးအေးနဲ့ပြောလာသည်။

"ကျွန်တော် စီးရစ်ကိုနှိုးမလို့ပဲ..ဒါမဲ့ စီးရစ္က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတော့ မနှိုးတော့တာ။"

"အာ ရပါတယ်..ငါ့ကိုနှိုးလို့က..."

"ဒီနေ့..တရားရုံးတော်ကိုသွားရမှာ..စီးရစ် အဆင်သင့်ပြင်ဆင်တော့လေ"

Shayမျက်လုံးပြူးကျယ်သွားရတယ်။
"တရားရုံးတော်ကို?ဘာကြောင့်လဲ?"

"လုပ်ကြံသူနှစ်ယောက်ကို အပြစ်ဒဏ်ချမှတ်မလို့လေ"

"ငါဘာလို့မသိတာ.."
ဟုတ္သားပဲ။သူမွ ဘုရင်နဲ့မတွေ့ရသေးတာ။မနေ့ကတည်းက အိပ်နေလိုက်တာ ဒီမနက်ထိပဲ။ဘုရင် သူ့ကိုအပြစ်မပေးလောက်ဘူးမလား။

ဇိုးလ္က Shayမျက်နှာထက်က စိုးရမ်ပူပန်မှုတွေကိုမြင်သည်။

"စိတ်မပူစရာမလိုဘူး။ စီးရစ် နေမကောင်းတာကို သူတို့သိတယ်။ မနက္ကပဲ အိုစီတစ်ယောက်လာသွားလို့ ကျွန်တော်သူ့ကနေတဆင့် သူ့အဖေကို ဘုရင့်ကိုအကျိုးအကြောင်းပြောပြပေးဖို့ စေခိုင်း...အဟမ်း..တောင်းဆိုထားတယ်!"

"အဲ့လိုလား?!ကျေးဇူးပဲ။ အာ ဒါနဲ့ အိုစီကဘာလာလုပ္တာတဲ့လဲ?"

"ဒီတိုင်းပါ..ကျွန်တော်နဲ့ အဲ့လုပ်ကြံသူတွေ ဘယ်လိုပတ်သတ်တာလဲတို့..ဘာတို့ညာတို့ပေါ့ အပိုတွေလာမေးနေတာ"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Hikayelerin yaşadığı yer. Şimdi keşfedin