Arc - 3.3

5.3K 721 8
                                    


Unicode

သူနေ့လယ်စာစားနေချိန် စားဖိုမှူးနဲ့ အစေခံမလေးက ဘေးကနေတောက်လျှောက်စိုက်ကြည့်နေသည်မှာ စားရတဲ့သူပင်ခပ်လန့်လန့်ဖြစ်နေရသည်။ Shay ပါးစပ်ကိုပဝါဖြင့်သုတ်လိုက်ပြီး အေးစက်စက်ပြောလိုက်တယ်။

"စိုက်ကြည့်နေတာတော်တော့!ငါ့မျက်နှာလည်းအပေါက်ဖြစ်သွားအုံးမယ်!"

"တောင်း တောင်းပန်ပါတယ် တတိယသခင်လေး!"ဟု အစေခံမလေးက ဦးညွှတ်ကာကပြာကယာပြောလာ၏။

စာဖိုးမှူးကြီးကတော့ ပြောင်သလင်းခါနေသော ပန်းကန်တွေကိုကြည့်ကာ ပီတိဝေဖြာလျက် Shayပြောလိုက်သည်ကိုပင်ကြားပုံမပေါ်ချေ။

Shayလည်း ဒီအရမ်းကိုမှ ဗီလိန်ကိုချစ်ကြတဲ့လူတွေကို ကြမ်းကြမ်းတမ်းတမ်းပြောဖို့ သရုပ်မဆောင်ချင်တာနဲ့အတူတူ..မမြင်ချင်ယောင်ဆောင်လိုက်ပြီး ထမင်းစားပွဲမှထကာထွက်လာလိုက်ပြီး အိမ်အပေါ်ထပ်ကိုတက်သွားလိုက်သည်။

Shayထွက်သွားမှ အစေခံမလေးက သက်ပြင်းလေးချကာ ပန်းကန်တွေသိမ်းဆည်းရန်ပြင်သည်။ သူမက ပြောင်သလင်းခါနေသော ပန်းကန်များကိုကြည့်ကာ ဝမ်းသာအားရဖြင့် စာဖိုမှူးကြီးပြော၏။

"စားဖိုမှူးဦးလေး..ဦးလေးလက်ရာက ဒီတစ်ခေါက်အရမ်းကောင်းတယ်နဲ့တူတယ်။ တတိယသခင်လေးကအထွန့်မတတ်ပဲ အကုန်စားသွားတယ်!ကြည့်ပါလား!"

"ဒါကြောင့် ငါအခုအရမ်းပျော်ရွှင်နေတယ်။ တတိယသခင်လေးက အရင်ဆို ငါချက်တဲ့ဟင်းတစ်ခုကိုစားလိုက်ပြီဆို အမြဲအပြစ်တင်ပြီး ကုန်အောင်မစားပဲထွက်သွားတတ်တယ်။ အခုတော့ အစားအသောက်လဲကုန်ပြီး ငါ့ကိုလည်းဝေဖန်မသွားဘူး။"

"ကြည့်ရတာ နောက်ဆုံးတော့ တတိယသခင်လေးက စာဖိုးမှူးဦးလေးရဲ့လက်ရာကိုအသိအမှတ်ပြုသွားပြီထင်ပါ့!"

"သိပ်မမျှော်လင့်ရဲသေးပေမဲ့..အကုန်လုံးကုန်တာနဲ့တင် ပီတိဖြစ်တယ်။"

"ခစ်ခစ်..စာဖိုမှူးဦးလေးရဲ့လက်ရာကကောင်းပါတယ်ရှင့်။ သမီး ပန်းကန်တွေသိမ်းလိုက်တော့မယ်"

"လာ ငါလည်းကူသိမ်းပေးမယ်"

"ကျေးဇူးပါရှင့်"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now