Arc - 2.20

5.5K 745 25
                                    

Zawgyi

"စီးရစ်..ရောက်လာပြီပေါ့!"ဟု အမတ်ဖေးလ်လေဟာ ဖော်ဖော်ရွေရွေပြောလာသည်။အမတ်ဖေးလ်လေနဲ့သူက အတော်ရင်းနှီးနေကြပြီ၊ အကြောင်းမှာ အိုစီကြောင့်ပဲလေ။အိုစီက သူနဲ့မြှားပစ်ပြိုင်ချင်တဲ့အခါတိုင်း သူ့အိမ်ကိုရောက်လာသလို တစ်ခါတစ်လေ သူက ဖေးလ်လေအိမ်တော်ကိုသွားလည်တတ်သည်။

စီးရစ်က စားပွဲထိုးလေးယူလာပေးတဲ့ လင်ဗန်းပေါ်ကဝိုင်တစ်ခွက်ကိုယူလိုက်ပြီး ပြုံးကာပြန်ပြောလိုက်သည်။
"အမတ်ဖေးလ်လေရော အခုတလောကျန်းမာပါရဲ့လား.."

"ဒါပေါ့!ငါကအမြဲကျန်းမာပြီးသား..!ဒါထက် ငါ့ရဲ့သားအငယ်ကောင် မင်းအပေါ်အရမ်းဒုက္ခပေးနေသလား..!ဒီကလေးက မင်းကိုအရမ်းခင်တွယ်တာပဲ..တစ်ခါတစ်လေ အဖေဖြစ်သူငါတောင်မင်းကိုမနာလိုဖြစ်တယ်!"

"ဟားဟား..!ကျုပ်လည်း ဒီကလေးနဲ့ဘယ်လိုလုပ်ရမလဲဗျာ..ကျုပ်သားနဲ့လည်းအသက်အရွယ်သိပ်မကွာတော့ အလိုလိုက်နေမိတယ်..!"

"သိပ်အလိုမလိုက်တဲ့ ဒီကောင်က ငါ့အိမ်မှာတင်သူ့အကိုတွေအပေါ်ဆိုးရတာမဝလို့ မင်းဆီမှာလာဆိုးနေတာကွ..!!"

"ထားလိုက်ပါ..လူငယ်သဘာဝပဲ ဆိုးပါစေ၊ သူလည်း ဇိုးလ်နဲ့စကားလာပြောချင်တာပဲလေ.."

"ဟုတ်ပြီ ။မင်းကငါ့သားကိုအလိုလိုက်နေမှတော့ ငါကဘာပြောနိုင်မှာလဲ ဒါပေမဲ့ နောက်မှ မနိုင်တော့ဘူးဘာညာငါ့လာမပြောနဲ့နော်!"

"ဟက်..ဟုတ်ပါပြီဗျာ..မပြောပါဘူး!"

အမတ်ဖေးလ်လေနှင့် စီးရစ်ရယ်မောကာ စကားပြောနေသည်ကို ပမတ်ဂျွန်စလေကတော့ ထုံးစံအတိုင်းဝင်မပါပဲ ခပ်ပြုံးပြုံးသာကြည့်နေလျက် အမတ်အော်စကာကတော့ အလိုမကျတဲ့မျက်ဝန်းများဖြင့်ကြည့်လို့နေသည်။

ဘာလို့ ဖေးလ်လေနဲ့ ဂျွန်စလေတို့က ဒီစီးရစ်ကိုခင်မင်နေသလဲမသိပေမဲ့ သူကတော့ စီးရစ်ဟာ စိတ်ဓာတ်ကောက်ကျစ်ပြီး မြွေလိုအဆိပ်ပြင်းတဲ့လူလို့ပဲထင်မှတ်သည်။သူ့အနေနဲ့ စီးရစ်နဲ့မိတ်ဆွေဖြစ်စရာအကြောင်းမရှိပေ။ဖြစ်လည်းမဖြစ်ချင်ဘူး။

တစ်ဖက်တွင် အိမ်ရှေ့စံမင်းသားဟာ ဇိုးလ်ကိုသူ့အပေါင်းအဖော်တွေနဲ့မိတ်ဆက်ပေးနေသည်။ဇိုးလ်က အိမ်ရှေ့စံမင်းသားနှင့် သူ့သူငယ်ချင်းတွေရယ်မောတာ ပြောသမျှကိုနားထောင်နေပုံရသော်လည်း တကယ်တမ်းက သူ့အာရုံဟာ သူ့ပါးပါးဆီမှာသာရှိသည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now