Arc - 1.9

8.4K 1K 16
                                    

Zawgyi

Shayတစ်ယောက် ဂရေဟမ်ရဲ့စကားကြောင့် ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ဇာတ်လိုက် သူ့အပေါ်မရိုးသားသည်ကိုသိပေမဲ့ အခုလိုတည့်တိုးပြောလာမည်လို့တော့မထင်ထားဘူး။နောက်ပြီး သူကအထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကာ ချစ်စရာကောင်းတဲ့ကောင်ကလေးတွေဆီကပဲ ဖွင့်ပြောတာခံရဖူးပြီး ဒီလို တောင့်တောင့်ဖြောင့်ဖြောင့်အထက်ပုဂ္ဂိုလ်တွေဆီကနေ ဖွင့်ပြောခံရတာမျိုးမကြုံဖူးတာကြောင့်လည်း ဘာပြောရမယ်မသိဖြစ်နေတာလည်းပါသည်။

Shayဟာ အရေခက်စွာ လည်ပင်းကိုပွတ်လိုက်ရင်း တဟားဟားနှင့်ရယ်လိုက်ပြီး
"ဂရေဟမ်က တအားနောက်တတ်တာပဲနော်!ကျွန်တော် ဘာပြောရမလဲတောင်မသိတော့ဘူးဗျာ..!"

ဂရေဟမ်က ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်ကို Shayရဲ့အနီးသို့ပိုတိုးကပ်လာလိုက်တယ်။ထိုနောက် ဆိုဖာထဲဝင်တော့မတက်နောက်ကိုဆုတ်သွားတဲ့ Shayရဲ့အပြုအမူလေးကြောင့် အသည်းယားသွားသည်။ဂရေဟမ်က Shayနှာခေါင်းထိပ်ကလေးကို လက်ညိုးလေးနဲ့တို့ထိလိုက်ပြီး..

"ကိုယ်မင်းကိုနောက်နေတာမဟုတ်ဘူး ပြီးတော့ အနေရမခက်ပါနဲ့...မင်းကိုယ့်အနားမှာနေရင် သက်တောင့်သက်သာဖြစ်တာမျိုးကိုပဲ ကိုယ်မြင်ချင်တာ.."

"...."
Shayက အသက်ရှူအောင့်လို့ ဂရေဟမ်ကိုစိုက်ကြည့်မိသည်။

*ဒေါက် ဒေါက် ဒေါက်!!

ထိုစဉ် ထွက်ပေါ်လာသောတံခါးခေါက်သံကြောင့် ဂရေဟမ်က ထသွားလေတယ်။Shayမှာသာ ရင်တထိတ်ထိတ်နဲ့ကျန်ခဲ့ရကာ သူ့ရဲ့အခုန်မြန်နေတဲ့ရင်ဘတ်ကိုလက်ဖြင့်ဖိလိုက်ပြီး..

'F**k ငါ့ရင်ဘတ်ကဘာလို့ခုန်ပေါက်နေတာလဲ!?ဆေးခန်းသွားပြသင့်ပြီထင်တယ်!'

[ဆေးခန်းပြစရာမလိုဘူး ငါစစ်ဆေးပေးမယ်!]လို့ owlကပြောပြီး Shayအနီးကပ်လာကာ သူ့အတောင်ပံနဲ့ shayရင်ဘတ်ကိုလာစမ်းသည်။ထိုနောက် ကျွမ်းကျင်သောဆရာသမားလိုမျက်နှာပေးနဲ့...

[မှန်းစမ်း!အင်းး မင်းနှလုံးခုန်နေရတာက အချစ်ကိုတွေ့သွားလို့ပဲ!မင်း ဇာတ်လိုက်ကိုချစ်မိသွား...]

owlစကားမဆုံးခင် shayက စကားဖြတ်ပြောလိုက်တယ်။
'တော်စမ်းပါကွာ မင်းအဲ့လိုလာပြောမှာငါသိသားပဲ!ဘာကိုအချစ်တွေ့တာလဲ!ဇာတ်လိုက်လို တောင့်တောင့်ဖြောင့်ဖြောင့်ဘဲမျိုးဆီမှ ဖွင့်ပြောတာမကြုံဖူးလို့ အံ့သြမိရုံပါကွာ..ဘာမှမချစ်မိဘူး..'

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Hikayelerin yaşadığı yer. Şimdi keşfedin