Arc - 6.8

2K 233 3
                                    

Unicode

နောက်ရက်မှာတော့ အိမ်ပြန်ခရီးစဥ်ကိုစတော့သည်။ ရိုင်ရယ်ကသူ့ရဲ့အထုတ်တွေကိုလှည်းထဲကိုဆောင့်အောင့်ကာထည့်ပစ်လိုက်ပြီးနောက် အပြုံးကြီးဖြင့်အယ်လ်ဒန်ရဲ့အိတ်တွေကိုသယ်ပြီးရောက်လာသော အန်းရက်စ်အားပေစောင်းစောင်းဖြင့်ကြည့်လိုက်တယ်။ သူ့ကိုမြင်တော့ အန်းရက်စ်ကပြုံးစိစိလာလုပ်ပြနေသည်မှာ မျက်ခွပ်လာပြောင်ပြနေသလိုပဲ။ ပါးတွေနားတွေကြီး လိမ့်ရိုက်ပစ်ချင်သည်မှာ လက်ကိုယားနေတာပဲ။

အယ်လ်ဒန်ကိုလည်းသူစိတ်ဆိုးမိသည်။ဘာလို့ အန်းရက်စ်ရဲ့အစီအစဥ်ကိုလက်ခံတာလဲကိုမသိဘူး။ သူတို့ကသူငယ်ချင်းတွေဟာကို၊အဲ့အားယားနေတဲ့အိမ်ရှေ့စံကောင်ကိုလိုက်လာခိုင်းစရာလား။ ထိုသို့ပြောတော့ အယ်လ်ဒန်ကသူ့ကိုပြန်ပြောလာခဲ့သည်။

"ငါတို့ကအားနည်းတယ်လေ၊ အိမ်ရှေ့စံရဲ့အစီအစဥ်တိုင်းသွားတော့ အန္တရာယ်ကြုံရင်တောင် ကာကွယ်ပေးမဲ့သူရှိတာပဲဆိုတော့ ကောင်းတာပေါ့"တဲ့။ ဘယ်သူကအဲအိမ်ရှေ့စံရဲ့အကာအကွယ်လိုလို့လဲဟုပြန်ပြောပစ်ချင်သော်လည်း စျေးထဲမှာဖြစ်ခဲ့တဲ့အပြစ်အပျက်ကြောင့် ရိုင်ရယ်ကပါးစပ်ပိတ်ကာလက်ခံလိုက်ရတော့သည်။ ဒီရေသူထီးရဲ့ခန္ဓာကိုယ်ကသေးသေးလေးနဲ့လေတိုက်ရင်လွင့်မဲ့ပုံဖြစ်နေလို့နော်၊သူ့ရဲ့မူလခန္ဓာကိုယ်နဲ့ဆို လူလေးငါးယောက်ကအသာလေးပဲ။

"ရိုင်ရယ်"ဟုအနောက်မှထွက်ပေါ်လာသည့်နှုတ်ဆက်သံကြောင့် ရိုင်ရယ်လှည့်ကြည့်လိုက်တဲ့အခါ အိုလီယန်ကိုမြင်လိုက်ရသည်။ ရိုင်ရယ်ကြောင်အမ်းသွားရသည်။ ကြောင်အမ်းအမ်းဖြစ်သွားခြင်းနဲ့အတူ အိုလီယန်ကိုသူမေးလိုက်သည်။

"အိုလီယန်??မင်းကဘာလို့ဒီမှာရှိနေတာလဲ?"

အထုတ်အပိုးတွေချပြီး သူတို့ဘက်ကိုလျှောက်လာသည့် အန်းရက်စ်ကထိုမေးခွန်းကိုကြားကာ ဝင်ပြောလာ၏။

"အိုလီယန်လည်းငါတို့နဲ့လိုက်လိမ့်မယ်.."

"ဘယ်လို?သူကဘာလို့လဲ?"

"သူကအတိုက်အခိုက်တော်တယ်သလို ယုံကြည်စိတ်ချရတယ်..။မင်းစိတ်မပူပါနဲ့..သူကမင်းကိုအသက်ပေးပြီးကာကွယ်ပေးလိမ့်မယ်"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now