Arc - 1.4

9.9K 1.1K 62
                                    

Zawgyi

"သြော်"

Shayက သူတို့နှစ်ယောက်ကိုမြင်တော့ ထိုသို့သာတုန့်ပြန်လိုက်ပေမယ့် စိတ်ထဲမှာတော့ဗြောင်းဆန်နေသည်။

'ဇာတ်လိုက်နဲ့အဓိကဇာတ်ကောင်ကဘာလို့အတူတူရှိနေတာလဲ.!!မဟုတ်မှလွဲရော အဓိကဇာတ်ကောင်က ငါသူ့ကိုအရင်ကအနိုင်ကျင့်တာကို ဇာတ်လိုက်ကိုပြောလိုက်တာများလား။ အဲ့ဒါကြောင့် ဇာတ်လိုက်က ငါ့ကိုလာသတ်တာလားမသိဘူး.!နောက်ပြီး ငါကသူ့ကိုလမ်းအမှားကြီးညွှန်းပေးပြီးရန်စလိုက်သေးတယ်လေ.!သွားပြီ ငါကတော့ ဂန့်တာပဲ.!'

[နည်နည်းပါးပါး မကြောက်ချင်ယောင်လဲဆောင်ဦး။အဓိကဇာတ်ကောင်နဲ့ဇာတ်လိုက်က အဲ့ဒါမျိုးတွေပြောရလောက်အောင်မရင်းနှီးသေးဘူး။မင်းဆီလာတာအကြောင်းတစ်ခုခုရှိမှာ]

'ဘာအကြောင်းပဲရှိရှိ ငါအသက်အန္တရာယ်စိုးရိမ်ရရင် ငါကတော့.......ပြေးမှာပဲ!'

[....]
'ငါ့Hostရဲ့အရင်ကသတ္တိတွေကဘယ်ရောက်သွားတာလဲ.?'

Shayကတော့ အရှေ့ကလူနှစ်ယောက်ကိုအာရုံပြန်စိုက်လိုက်တယ်။

"ဘာကိစ္စရှိလို့လဲဗျ.?"
Shayရဲ့လေသံက ညင်သာကာ ယဉ်ကျေးနေပြီး အရင်လိုခက်ထန်မနေတော့ ဟင်နရီက အံ့သြသွားသည်။ဒါပေမယ့် ဒါတွေက ဂရေဟမ်ရှိလို့ တမင်ယဉ်ကျေးဟန် ဟန်ဆောင်ပြနေတာလို့ပဲသူကတွေးလိုက်ပြီး Shayရဲ့ဒေါသကိုဆွဖို့တွေးလိုက်တယ်။

ဟင်နရီဟာ မျက်လုံးမှအရည်ကြည်များရစ်သီလာကာ ကြောက်ရွံ့နေတဲ့မျက်နှာလေးနဲ့ Shayကိုအကြည့်ချင်းမဆုံရဲသလိုလုပ်ပြီး ဂရေဟမ်အနားကိုအနည်းငယ်တိုးကပ်သွားကာမဝံ့မရဲလေးဖြင့် ပြောလာသည် ။

"Shay စိတ်မဆိုးပါနဲ့နော် ငါ ငါကတမင်မင်းကိုနှောင့်ယှက်ချင်လို့မဟုတ်ပါဘူး ။ မစ္စတာ ဂျွန်နသန်က မင်းနဲ့စကားပြောချင်လို့တဲ့ အဲ့ဒါကြောင့် ငါ ငါကခေါ်လာပေးတာပါ ။ ငါ့ကိုခွင့်လွှတ်ပေးပါနော်..."

Shayကတော့ ထိုပုံစံလေးကိုကြည့်ကာ အပြင်မှာတော့ ဘာဟန်အမူအရာမှမပြပေမယ့် စိတ်ထဲတွင်တော့..
'မျက်နှာလေးကိုကြည့်ဦး ငိုတော့မလိုပဲ ငါ့ရင်ခွင်ထဲထည့်ထားပြီးနှစ်သိမ့်ပေးချင်စရာကောင်းလိုက်တာကွာ'

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Hikayelerin yaşadığı yer. Şimdi keşfedin