Arc - 1.3

9.3K 1.1K 14
                                    

Zawgyi

"သား ထိုင်လေ"

သူ့အမေအသံကြားမှပဲ Shayဟာကြောင်ပြီးရပ်မိနရာမှသတိပြန်ဝင်ပြီး သူ့အစ်မဘေးမှာအို့တို့အန်းတိန်းနဲ့ဝင်ထိုင်လိုက်တယ်။

မစ္စတာဂျွန်စတုန်က ဇာတ်လိုက်ကိုညွှန်ပြရင်းသူ့သားကိုပြောလိုက်တယ်။

"သား ဒါအဖေတို့ကုမ္ပဏီရဲ့ဒီတစ်ခေါက်စီမံကိန်းမှာရှယ်ယာအများဆုံးဝင်ထားတဲ့ Jကုမ္ပဏီကCEOပဲ"

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ကျွန်တော့်နာမည်က Shayပါ"

"ကိုယ့်နာမည်က ဂရေဟမ် "

Shayဟာ သူ့မျက်စိရှေ့ရောက်လာတဲ့ လက်ကိုစိုက်ကြည့်လိုက်တယ်။သူ့အစ်မကဘေးကနေတံတောင်နဲ့တွတ်မှ သူထိုလက်ကိုကိုင်ကာနှုတ်ဆက်လိုက်တယ်။သူပဲစိတ်ထင်တာလား ဇာတ်လိုက်ကောင်ကသူ့လက်ကိုအားနဲ့ဆုတ်ကိုင်ထားသလိုပဲ။ဇာတ်လိုက်ကောင်မျက်နှာကိုကြည့်တော့လဲ တည်ငြိမ်တဲ့အပြုံးတစ်ခုကလွဲပြီး သူ့ကိုမကျေနပ်တဲ့အရိပ်အငွေ့တွေမတွေ့ရပါဘူး။

Shayကပြန်ပြုံးပြလိုက်ပြီး လက်ကိုအမြန်ပြန်ဆွဲလိုက်တယ်။ဇာတ်လိုက်ကောင်က သူ့ကိုကျေနပ်လားမကျေနပ်လားမသိပေမဲ့ သူကတော့ သတိထားရမယ်လေ။ဇာတ်လိုက်ဆိုတဲ့အမျိုးတွေက သရုပ်ဆောင်ကောင်းပြီး သူတို့ကိုလာရန်စတဲ့လူတွေဆို ဒီတိုင်းလွှတ်ပေးမှာမဟုတ်ဘူး။သူ့လိုဗီလိန်ဇာတ်ကောင်လေးက ဇာတ်လိုက်ကိုနိုင်မှာမဟုတ်ဘူး။

အဲ့ဒါဆို ဘာလို့သွားရန်စသလဲဆိုရင်တော့ ဇာတ်လိုက်ဆိုတဲ့အမျိုးကို သောက်မြင့်ကပ်လို့ပဲ။သူ့အတွေးကိုowlကြားရင်လဲ သေချာပေါက်ထောက်ခံမှာပါ။owlကလဲ ဇာတ်လိုက်ကောင်တွေကိုအမြင်ကပ်တယ်လေ။

သူ့အဖေဟာ စကားစလိုက်တယ်။
"မစ္စတာ ဂျွန်နသန် ဒီကိုလာရတာ အဆင်ပြေရဲ့လားဗျ ။.သိတဲ့အတိုင်း ကျွန်တော်တို့ စံအိမ်ကနည်းနည်းအလှမ်းဝေးပြီး အကွေ့အကောက်များတယ်"

ဂရေဟမ်က ပြုံးလိုက်ကာ Shayကိုအဓိပ္ပါယ်ရှိရှိနဲ့ကြည့်ပြီးပြောလိုက်တယ်။

"ပထမကလမ်းပျောက်နေပေမယ့် လမ်းမှာတွေ့ခဲ့တဲ့ချစ်စရာကောင်လေးကြောင့် အဆင်ပြေပြေနဲ့ရောက်လာခဲ့ပါတယ် ။"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now