Arc - 6.9

1.8K 244 7
                                    

Unicode

အယ်လ်ဒန်နဲ့အန်းရက်စ်ကအခင်းတစ်ခုမှာအတူအိပ်ကြပြီး ရိုင်ရယ်ကသူတို့ရဲ့မျက်နှာချင်းဆိုင်ရှိသောနေရာ၌အိပ်လေသည်။ အိုလီယန်ကတော့သစ်ပင်အောက်တွင်ဓားကိုပိုက်လျက် ကင်းစောင့်လို့နေသည်။ သူဟာအမှောင်ထုထဲကိုသာစိုက်ကြည့်နေကာ အလွန်ငြိမ်သတ်လို့နေသည်။

ရုတ်တရက် သူ့ပုခုံးပေါ်သို့အေးစက်စက်အထိအတွေ့ကိုခံစားလိုက်ရကာ အိုလီယန်ဟာရန်လိုသည့်အကြည့်ဖြင့်လှည့်ကြည့်ကာ ဓားဖြင့်လှမ်းရွယ်လိုက်သည်။ ဒါပေမဲ့တစ်ဖက်လူကိုမြင်တဲ့အခါ အိုလီယန်ကစိတ်ကိုပြန်လျှော့ချလိုက်သည်။

"ရိုင်ရယ်..မင်းမအိပ်သေးဘူးလား"

ရိုင်ရယ်ကသူ့လည်ပင်းနားရောက်နေသည့် ဓားရိုးကိုဖယ်လိုက်ပြီး ပြန်ပြောလိုက်သည်။

"ငါမင်းကိုပြောစရာရှိတယ်"

အိုလီယန်ကရိုင်ရယ့်ရဲ့လေးနက်သည့်အကြည့်တို့ကြောင့် အရေးတကြီးကိစ္စဖြစ်မည်ဟုတွေးလိုက်ကာ ခေါင်းညိတ်လိုက်သည်။

ရိုင်ရယ့်ကပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီး အိုလီယန့်ကိုခေါ်လိုက်သည်။

"ငါ့နောက်ကလိုက်ခဲ့..ငါဒီနားမှာရေအိုင်လေးတစ်ခုတွေ့ထားတယ်"

"အင်း"
'ရေအိုင်?'

စကားပြောမှာကိုဘာကြောင့် ရေအိုင်ဆီသွားမှာလဲဟုအိုလီယန်ဟာတွေးနေမိသည်။ ဒါပေမဲ့လည်း သူကသံသယဝင်ခြင်းမရှိပဲ အယ်လ်ဒန်နဲ့အန်းရက်စ်တို့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ရိုင်ရယ့်အနောက်သို့လိုက်သွားတော့သည်။

ရိုင်ရယ်ပြောတဲ့ရေအိုင်လေးဆီရောက်တဲ့အခါ ရိုင်ရယ်ကအရင်ရပ်လိုက်တော့ အိုလီယန်လည်းရပ်လိုက်သည်။ အိုလီယန်ကပတ်ဝန်းကျင်ကိုအကဲခတ်လို့နေပြီး ရိုင်ရယ့်ပြောလာမည့်အရေးကြီးကိစ္စကိုစောင့်နေလိုက်သည်။

ရိုင်ရယ်ကသူ့ဘက်လှည့်လာကာ သူ့ကိုကြည့်လာသည်။ ထိုနောက်ရုတ်တရက်အဝတ်အစားတို့ကိုချွတ်လာသည်။အိုလီယန်မျက်လုံးလေးပြူးသွားကာ ဆွံ့အလျက်ရိုင်ရယ့်အားကြညိ့နေမိသည်။ သူကရိုင်ရယ်ဘာလို့အဝတ်ချွတ်နေသလဲဆိုတာကိုလည်းမမေးသလို ဟန့်တားခြင်းလည်းမရှိပဲ အူကြောင်ကြောင်နဲ့ရိုင်ရယ်လုပ်သမျှကိုရပ်ကြည့်နေသည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now