Arc - 5.8

2.7K 377 6
                                    

Unicode

Danielနဲ့အတူ Jashတို့ဟာအခန်းထဲသို့ရောက်လာကြသည်။ အခန်းဝမှာလဲကျနေသည့် Shayကိုမြင်တော့ Danielကစိတ်ပူသွားပြီး အမြန်ဆုံးShayကိုသူ့ရင်ခွင်ထဲထည့်လိုက်၏။Jashတို့ကလည်း စိတ်ပူလို့နေကြ၏။Lucyက Shayကိုကြည့်ကာ သူမကDanielကိုမေးလေသည်။

"Daniel..Shay သူကဘာဖြစ်တာလဲ?"

Danielက သူ(မ)အမေးကိုပြန်မဖြေပဲ Shayကိုသာကြည့်နေ၏။ Daniel တောက်ခေါက်လိုက်သည်။ Danielရဲ့တောက်ခေါက်သံက အခန်းထဲပဲ့တင်သံထပ်သွားကာ Jashနဲ့Lucyလည်း လန့်သွားကြသည်။Danielကဘာလို့ဒေါသထွက်နေတာလဲ။ Jashက Danielရဲ့ပုခုံးကိုလှမ်းကိုင်လိုက်၏။သူကDanielကိုနှစ်သိမ့်ပေးရုံလုပ်ချင်ပေမဲ့ ကံဆိုးစွာDanielကိုထိလိုက်မိသည်နှင့် သူဟာလွင့်ထွက်သွားကာ နံရံဖြင့်ပြင်းထန်စွာဆောင့်မိလေတော့သည်။ Lucyက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး Jashဆီသို့အမြန်ဆုံးသွားကာ ထူမပေးလိုက်သည်။ Jashက ခေါင်းထိသွားသောကြောင့် မူးမေ့မလိုဖြစ်သွားရသည်။

"Jash!Jash!ရှင်အဆင်ပြေရဲ့လား..အမလေး..သွေးတွေ!"

Jashက သူ့ခေါင်းနောက်ကိုလက်ဖြင့်စမ်းလိုက်ပြီး လက်ကိုပြန်ကြည့်လိုက်တဲ့အခါ လက်တစ်ခုလုံးနီရဲလို့နေသည်။Lucyက စိတ်ပူလို့သွားသလို Danielကိုလည်းဒေါသထွက်သွားသည်။

"Daniel..ရှင်ဘယ်လိုလုပ်လိုက်တာလဲ!Jashကရှင့်ကိုဘာများလုပ်မိတာမလို့ အခုလိုအားနဲ့ဆောင့်တွန်းလိုက်ရတာလဲ။ဒီမှာခေါင်းကွဲကုန်ပြီ!"

"...."
Danielက Lucyကိုလှည့်ကြည့်လိုက်၏။စူးရှပြီး နီရဲနေသည့်အေးစက်စက်အကြည့်တို့နှင့်ဆုံလိုက်ရတဲ့အခါ Lucyကလန့်သွားလေသည်။ Danielက Shayရဲ့ခန္ဓာကိုယ်ကိုပွေ့ချီလိုက်ပြီး ထိုနေရာပဲရပ်လို့နေ၏။ Lucyကကြောက်ပေမဲ့ ဒေါသကလည်းအလွန်ထွက်နေတာကြောင့် မတ်တပ်ထရပ်ကာ Danielဆီသို့ခြေလှမ်းကျဲများဖြင့်သွားလိုက်သည်။သူ(မ)၏လက်က Danielကိုမထိတွေ့ခင်မှာပဲ လေထဲ၌ရပ်တန့်သွားလျက် Lucyဟာလည်းကျောက်ရုပ်တစ်ရုပ်လိုထိုနေရာမှာရပ်တန့်လို့နေ၏။ ထိုအချင်းအရာကို Jashကလည်းတအံ့သြနိုင်ပေ၊အဘယ်ကြောင့်ဆိုသော် သူဟာလည်းကျောက်ရုပ်တစ်ရုပ်လိုလှုပ်ရှားခြင်းတစိုးတစိမျှမရှိ ရပ်တန့်လို့ဖြစ်၏။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now