Arc - 6.15

1.4K 166 5
                                    

Unicode

ရေသူဘုရင်ကြီးဟာ လီအိုနေးနဲ့အယ်လ်ဒန်ကိုကြည့်ပြီး သက်ပြက်းချမိသည်။ သူတို့ကလည်းလီအိုနေးလိုသန်မာပြီးအရည်အချင်းရှိသောရေသူထီးနှင့် ရိုင်ရယ့်လိုစိတ်နှလုံးသားဖြူစင်ကာလှပတဲ့ရေသူထီးကိုနေရာချပေးဖို့တွေးခဲ့ကြတာဖြစ်သည်။ ပြီးတော့ ထိုနှစ်ယောက်ကလည်းအရင်ကတပူးတပူးတကပ်ကပ်နှင့်ရှိကြပြီး ကောလဟာလတွေအရသူတို့ကလျစ်ကြိုက်နေကြသည်ဟူ၍ပင်ကြားသိရတော့ သူတို့ကသိပ်ပြီးစိတ်မပူခဲ့ဘူးလေ။

အခုတော့ လီအိုနေးကရိုင်ရယ့်ကိုကျော်ပြီး ဘာမဟုတ်တဲ့ရေသူထီးလေးကိုရွေးချယ်သွားတယ်တဲ့လား။

ရိုင်ရယ့်ကိုချစ်ခင်တဲ့တချို့ကတော့ လက်မခံနိုင်ဖြစ်နေကြသည်။သူတို့ရိုင်ရယ်ကိုကျော်ပြီး ဘာကြောင့်အယ်လ်ဒန်လိုရေသူထီးကိုလီအိုနေးကချစ်မိသွားသလဲဆိုတာကို သူတို့မှာနားမလည်နိုင်ဖြစ်နေကြတော့သည်။ အယ်လ်ဒန်ဆိုတဲ့တစ်ယောက်ကရိုင်ရယ့်ထက်ဘာများကောင်းမွန်နေလို့လဲ။ ရိုင်ရယ်ကတော့သနားပါတယ်၊ အယ်လ်ဒန့်ကိုကာကွယ်ပေးထားတဲ့အပြင် အယ်လ်ဒန့်ဆီကသူ့လူကိုလုယူခြင်းခံလိုက်ရသည်။

သို့သော်ရိုင်ရယ်ကတော့ပြုံးရွှင်လို့နေပြီး သူဟာဘုရင်ကြီးကိုကြည့်ကာပြောလိုက်သည်။

"လီအိုနေးနဲ့အယ်လ်ဒန်ကတကယ်ကိုလိုက်ဖက်ညီတဲ့စုံတွဲပါ အရှင်။သူတို့အတွက်ကောင်းချီးမင်္ဂလာပေးသင့်ပါတယ်"

ရိုင်ရယ့်ဖက်ကထိုအချစ်ရေးကိုကန့်ကွက်ခြင်းမရှိတာကိုမြင်တော့ ရိုင်ရယ့်ကိုချစ်ခင်တဲ့ရေသူများကဘာမျှမလုပ်နိုင်ကြတော့ပေ။ သူတို့ကလီအိုနေးနှင့်အယ်လ်ဒန်ကိုသဘောတူရုံသာတတ်နိုင်တော့သည်။ လီအိုနေးကကောင်းမွန်သည်ဆိုပေမဲ့ ရိုင်ရယ့်လိုရေသူထီးလေးကတော့လီအိုနေးထက်ကောင်းမွန်တဲ့ရေသူထီးတစ်ဦးကို ခပ်မြန်မြန်ပဲပိုင်ဆိုင်လာရလိမ့်မည်ဟူ၍သူတို့ကတွေးလိုက်ကြကာ စိတ်ကိုဖြေသိမ့်လိုက်ကြသည်။

အယ်လ်ဒန်ကတော့ရေသူများကြားထဲအနမ်းခံလိုက်ရတဲ့သူ့ပါးကိုထိလိုက်ပြီးနောက် စိတ်ဆိုးစွာဖြင့်လီအိုနေးရဲ့လက်ကိုဆိတ်ဆွဲပစ်လိုက်သည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now