Arc - 1.10

8.2K 1K 38
                                    

Zawgyi

ဟင်နရီဟာ ဧည့်ခန်းတွင်ထိုင်ကာ သူ့ဖုန်းကိုကျစ်နေအောင်ဆုတ်ကိုင်ထားမိသည်။သူအခု အရမ်းကိုမှဒေါသထွက်နေတယ်။သူအခုအိမ်ပြန်ရောက်နေပြီဖြစ်ပေမဲ့ သူ့စိတ်က အစ်ကိုဂရေဟမ်ဆီမှာပဲဖြစ်သည်။

ဒါရိုက်ဘာက အစ်ကိုဂရေဟမ်ရဲ့စကားကိုမြေဝယ်မကျနားထောင်သည်။သူသွားချင်တဲ့နေရာကိုလိုက်ပို့ပေးပြီး သူ့ကိုအိမ်သို့ပြန်ပို့ပေးသည်။ဒါပေမဲ့ သူ့မှာ အစ်ကိုဂရေဟမ်အကြောင်းမေးဖို့တောင်အချိန်မရပဲ ဒါရိုက်ဘာကမြန်မြန်ဆန်ဆန်ပဲပြန်ထွက်သွားခဲ့သည်။

သူ အစ်ကိုဂရေဟမ်ရဲ့ကုမ္ပဏီကိုလိုက်သွားချင်သည်။အစ်ကိုဂရေဟမ်နဲ့Shayဘာတွေလုပ်နေမလဲ။Shayတစ်ယောက် အစ်ကိုဂရေဟမ်ကိုမြူဆွယ်မှာကိုစိုးရိမ်သည်။အစ်ကိုဂရေဟမ်က သူ့အပိုင် ၊Shayမြူဆွယ်ခွင့်မရှိဘူး။

ထိုစဉ် ကားသံကြားတာကြောင့် ဟင်နရီကထကြည့်မိသည်။မကြာခင်မှာပဲ အစ်ကိုဂရေဟမ်နဲ့Shayက အတူအိမ်ထဲဝင်လာကြသည်ကိုမြင်လိုက်သည်။ဟင်နရီက ဂရေဟမ်နဲ့ပူးကပ်နေတဲ့Shayကိုမြင်တော့ မနာလိုဖြစ်သွားပေမဲ့ သူကသူ့မျက်နှာအမူအရာကိုထိန်းကာ Shayတို့အနားသွားလိုက်သည်။

"အစ်ကိုဂရေဟမ်အိမ်ကိုလာတယ်! shayလဲပြန်လာပြီလား.."

ဂရေဟမ်က ဟင်နရီကိုတစ်ချက်ကြည့်ကာ ဝတ်ကျေတန်ကျေပြုံးပြလိုက်ပြီး သူ့အကြည့်က Shayဆီပြန်ရောက်သွားသည်။

Shayက ဟင်နရီကိုပြုံးပြလိုက်ပြီး..
"မေမေနဲ့အဖေရော?"

Shayမေးလာတော့ ဟင်နရီက စိတ်မပါသောလေသံနဲ့ဖြေလိုက်သည်။
"အဖေက အလုပ်ခန်းမှာ အမေက မီးဖိုချောင်မှာ.."

"အင်း..ဂရေဟမ် ခဏထိုင်လောက်စောင့်ပါဦး ကျွန်တော် မေမေနဲ့အဖေ့ကို သွားခေါ်လိုက်ဦးမယ်.."

"အင်း ဖြည်းဖြည်းသွား.."

Shayက ဂရေဟမ်ကိုပြောပြီးသည်နှင့် မီးဖိုချောင်ဆီသို့ထွက်သွားသည်။ဂရေဟမ်က Shayပျောက်ကွယ်သွားသည်နှင့် သူ့အပြုံးက ပျောက်သွားကာ ဆိုဖာမှာ ထိုင်ကာ Shayပြန်လာမည်ကိုစောင့်နေလိုက်သည်။ဟင်နရီကတော့ ဂရေဟမ်နဲ့နှစ်ယောက်ထဲကျန်ခဲ့တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားလို့နေကာ ဒီအချိန်ကောင်းကိုအသုံးချရန်တွေးလိုက်သည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now