Arc - 5.3

2.7K 422 9
                                    

Unicode

နောက်နေ့ရောက်တဲ့အခါ အကုန်လုံးက မနက်စာစားဖို့အတွက် အဝင်ဝမှာဆုံကြသည်။

Joelက Shayကိုမတွေ့တော့ joshကိုမေး၏။
"Shayမလာဘူးလား?"

joshက သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။မနက်နိုးတော့ Shayကိုသူနှိုးပေမဲ့ Shayကစာကိုခေါင်းထိဆွဲခြုံကာ သူ့ကိုတစ်ယောက်ထဲလွှတ်ထားပေးဖို့ပြောလာသည်။ ကြည့်ရတာ မနေ့က Markတို့စနောက်တာက တော်တော်လွန်လွန်းသွားတယ်ထင်သည်။

Markနဲ့Lucyကလည်း သူတို့အပြစ်မကင်းတာကြောင့် ခေါင်းတွေကိုငုံ့ထားကြသည်။Joelကတော့ ဘယ်သူတွေဘာဖြစ်နေသလဲဆိုတာကို သူမသိချေ။ Shayနေလို့မကောင်းတာဟုပဲထင်လိုက်၏။

ထိုနောက် သူတို့လေးယောက်ပဲမနက်စာစားဖို့ထွက်လာခဲ့ကြသည်။တစ်ဖက်တွင်တော့ owlဟာ စောင်ခြုံပြီးကုတင်ပေါ်မှာ ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်လုပ်နေသော Shayကြောင့် မျက်စိနောက်လာပြီး ထပြောတော့သည်။

[အဲ့ဒါဘာဖြစ်နေတာလဲ..တော်ပါတော့။မျက်စိနောက်နေပြီ]

Shayက လှိမ့်နေတာရပ်သွားပြီး ခေါင်းဖော်ကာ owlကိုစိုက်ကြည့်၏။ထိုနောက် သူ့မျက်နှာကိုလက်ဖြင့်အုပ်လိုက်သည်။

"ချီးပဲ..သေတာသေလိုက်ချင်တော့တယ်။ရှက်စရာကြီးကွာ!"

Owlကတော့ ဘာမှန်းမသိတာကြောင့် အူကြောင်ကြောင်ဖြင့်သာကြည့်နေ၏။ Shayတစ်ယောက် မနေ့ညကအကြောင်းတွေးပြီး ရှက်လွန်းလို့တွင်းတစ်တွင်းသာရှိရင် ဝင်ပုန်းပစ်လိုက်ချင်မိသည်။

"ဘာလို့လူရှေ့မှာငိုမိသွားတာလဲ!ရှက်လိုက်တာ.."

အခုတော့ ဟိုအဖွဲ့ကိုဘယ်လိုမျက်နှာပြရမလဲမသိတော့ဘူး။သူ့ကိုလှောင်များလှောင်နေကြမလား။ ယောကျာ်းလေးဖြစ်ပြီး ငိုရတဲ့အထိတောင်သရဲကြောက်တတ်တယ်ဆိုပြီးများ ပြောနေကြမလားမသိဘူး။

အရင်ခန္ဓာကိုယ်ပိုင်ရှင်က သရဲမကြောက်တတ်ပေ။ ဒါပေမဲ့ အခုလူကတော့သေအောင်သရဲကြောက်တတ်သည်။သူ့ကို ထူးဆန်းတယ်ဆိုပြီး သံသယဝင်ကုန်ကြမှာသေချာသည်။ ဘယ်လိုလုပ်ရမလဲ။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now