Arc - 2.4

6.6K 954 38
                                    

Zawgyi

Shayဟာ ယုန်ကလေးကိုပိုက်ထားရက်ဖြင့် ဇာတ်လိုက်အားကြည့်လိုက်သည်။သူ့ကို ကြောင်ကြည့်နေတဲ့ဇာတ်လိုက်သေးသေးလေးကြောင့် မျက်ခုံးပင့်လိုက်ကာ သူ့ရဲ့ခြေထောက်နှစ်ချောင်းကြား၊မြေကြီး၌စိုက်ဝင်နေသော မြှားကိုမျက်စပစ်ပြပြီး..ပြောလိုက်သည်။

"ဟေ့..မင်းရဲ့မြှား..ပြန်မယူတော့ဘူးလား.."

သူပြောလိုက်တော့ ဇာတ်လိုက်သေးသေးလေးက ကမန်းကတန်းနှင့် မြေကြီးထဲစိုက်ဝင်နေတဲ့မြှားကိုဆွဲနုတ်သွားသည်။Shayခပ်တိုးတိုးရယ်လိုက်ပြီး ယုန်ကို ပိုက်ကာ မြေကြီးပေါ်မှထလိုက်သည်။ဇာတ်လိုက်သေးသေးလေးက သူ့ကိုကြည့်နေတာကြောင့် နှုတ်ခမ်းတွန့်ကာပြုံးလိုက်ပြီး အနီးနားကိုတိုးသြားကာ ကိုယ်ကိုအနည်းငယ်ကိုင်းပြီး မေးလိုက်သည်။

"ဘာကြည့်နေတာလဲ.."

"မဟုတ်ဘူး...မကြည့်ပါဘူး!"

"မကြည့်ဘူးလား..ဒါဆို ငါအမြင်မှားတာပဲနေမှာပေါ့..ဟက်~!"

ထိုနောက် Shayက လမ်းစလျှောက်လိုက်တယ်။ဇာတ်လိုက်သေးသေးလေးက တခဏတော့ကြောင်ပြီးရပ်နေရင်း နောက်တော့ သူ့နောက်ကိုလိုက်လာသည်။ထိုနောက် သူ့လက်ထဲကယုန်ကိုကြည့်ကာ မေးလာသည်။

"ခင်ဗျား အဲ့ဒီယုန်ကိုဘာလုပ်ဖို့လဲ!မွေးမလို့လား...ချက်စားမလို့လား..။"

"ရူးနေ*"
Shayမွာ အော်လုနီးပါးဖြစ်သွားပြီးမှ ပြန်ထိန်းလိုက်သည်။

".အဟမ်း မဟုတ်တာ..ချစ်ဖို့ကောင်းလို့ချီထားတာ..နောက်ပြီး..သူတို့လေးတွေကိုအမဲလိုက်နေတဲ့ ရက်စက်တဲ့လူတွေလက်ထဲကကယ်တင်နေတာ..!"

သူပြောလိုက်တော့ ဇာတ်လိုက်သေးသေးလေးရဲ့အနေရခက်သွားတဲ့ဟန်နဲ့အတူ လေးနဲ့မြှားကိုအနောက်ကိုဖွက်လိုက်တာကို မြင်လိုက်သည်။နှစ်ယောက်ကြားလေထုက တခဏတိတ်ဆိတ်လို့သွားပြီး ထိုနောက် ဇာတ်လိုက်လေးက အရင်စကားစလာသည်။

"ခင်ဗျား..ဒီတောထဲမှာဘာလုပ်နေတာလဲ..!သားရဲတွေနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ..!"
ထိုနောက် သူ့တကိုယ်လုံးကို စစ်ဆေးသလိုကြည့်ရှုလာပြီး ဆက်ပြောသည်။
"ဘာဓားမှလဲ မပါဘူး၊အခုလိုသွားနေတာ အန္တရာယ်များတယ်!ခင်ဗျားကဘယ်ကလဲ?သက်တော်စောင့်တွေဘာတွေမပါဘူးလား..တစ်ယောက်ထဲလား..?"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now