Arc - 4.2

4.4K 614 19
                                    

Unicode

Shay ချိုးရေပြင်နေရင်း အတွေးများစွာခေါင်းထဲပြည့်နှက်လို့နေ၏။

'owl..ဇာတ်လိုက်က ဘယ်လိုပုံစံနဲ့လည်း..သူကကျိန်စာမိနေတယ်ဆိုတော့...သူက အခုသားရဲပုံစံကြီးနဲ့လား..လူပုံစံနဲ့လား'

[အဲ့ဒါကအချိန်အကန့်အသတ်ရယ်၊ သူ့စိတ်အခြေအနေပေါ်မူတည်တယ်။ များသောအားဖြင့် နေ့ဘက်မှာလူပုံစံ ညဘက်မှာ သားရဲပုံစံရှိတတ်သလို...သူဒေါသကိုမထိန်းချုပ်နိုင်တဲ့အချိန်မှာ နေ့ညမရွေးပဲ သားရဲအဖြစ်ပြောင်းလဲသွားနိုင်တယ်]

'အဲ့လိုလား..နောက်တစ်ခုသိချင်တာ..ဇာတ်လိုက်မက ဇာတ်လိုက်ရဲ့သားရဲပုံစံကိုမြင်ဖူးလား'

[မြင်ဖူးတယ်။]

'သူမ၊ကြောက်လန့်မသွားဖူးလား'

[မသိဘူး။]

'မင်းကလည်း သိတာမရှိဘူး'

[ငါကအကုန်သိရအောင် ငါကဇာတ်လိုက်မလည်းမဟုတ်ဘူး..]

'သေအောင်စွာတာနော် မင်း...ငါက မင်းသခင်ရဲ့သက်ဆိုင်သူဖြစ်ခဲ့ဖူးတော့ မင်းငါ့ကိုရိုရိုသေသေဆက်ဆံသင့်တယ်မဟုတ်ဘူးလား'

[ဟွန့်]

Shayလည်း ခေါင်းယမ်းလိုက်တယ်။

'အာ ဟုတ်သား...Owl..ငါOOCပြုတ်ဖို့ Missionပေးအုံး'

[OOCပြုတ်စရာမလိုအပ်တော့ဘူး။]

Owlရဲ့စကားကြောင့် Shayကြောင်သွားသည်။ ဘာကိုOOCပြုတ်စရာမလိုအပ်တော့တာလဲ။ Owlက သူတွေးနေတာကိုသိသည့်အလား ဆက်ပြောလာတယ်။

[မင်းကို Missionတွေပေးတာတွေ၊OOCပြုတ်ဖို့အတွက်ဆိုတာတွေက တကယ်တော့ ဒီတိုင်းပီပြင်အောင်ထည့်ထားတာတွေ]

'ဟမ် ပီပြင်အောင်...ဘာပီပြင်အောင်လဲ'

[ဘာပီပြင်ပြင်ပေါ့။အခုကစပြီး ဘာOOCမှပြုတ်စရာမလိုတော့ဘူး၊ Missionဆိုတာတွေလည်းမရှိတော့ဘူး။မင်းလုပ်ရမှာကတစ်ခုတည်း..ဇာတ်လိုက် မင်းကိုချစ်လာအောင်လုပ်ရမယ်။ဒါပဲ။မဟုတ်ရင် မင်းကျရှုံးလိမ့်မယ်]

ထိုနောက် Owlတစ်ယောက် ထွက်သွားတော့သည်။ တချို့အရာတွေက အများကြီးပြောလို့မကောင်းဘူး။အာညောင်းလို့။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now