Arc - 2.1

10.4K 984 20
                                    

Zawgyi

Shayနိုးလာတဲ့အခါမှာ ပထမဦးစွာမြင်တွေ့ရသည်ဟာ သူ့ခြေရင်း၌လဲကျနေသော ကလေးငယ်တစ်ယောက်ပဲဖြစ်သည်။ထိုကလေးငယ်ကိုကြည့်ရတာမှာ ချွေးစေးများက မျက်နှာလေး၌ပြည့်နှက်နေပြီး ရှဲု့မဲ့ကာနာကျင်နေဟန်ကြောင့် Shayထိပ်လန့်သွားရသည်။Shayတစ်ယောက် ဒူးထောက်ထိုင်လိုက်ပြီး ကလေးငယ်အား သယ်လိုက်သည်။

"ဟေ့ ကလေးလေး ဘာဖြစ်တာလဲ!!"

"..."

ကလေးငယ်ဟာ ဘာမှပြန်မပြောပဲ"တဟင့်ဟင့်"နှင့်ငိုရှိုက်ကာညည်းညူနေတာကြောင့် Shayမှာ ဘာလုပ်လို့ဘာကိုင်ရမည်မသိဖြစ်နေရသည်။

"ကလေးလေး ဘယ်နားနာနေလို့လဲ..။ဦးဦးကိုပြောလေ...အာ ဦးဦးပြောတာရော ကြားရဲ့လား.."

ကလေးဟာ သူရဲ့ကျယ်လောင်သောအသံကြောင့်ထင်ပါရဲ့ မျက်လုံးလေးအနည်းငယ်ပွင့်လို့လာကာ သူ့ကိုကြည့်လာသည်။

"....ဖေ.."

"ဟမ်..ဘာပြောတာလဲ?"

Shayမွာ ကလေးငယ်ရဲ့တိုးညှင်းလှသောလေသံကြောင့် ဘာပြောလိုက်မှန်းသေချာမကြားလိုက်ချေ။သူကမေးလိုက်ပေမဲ့ ကလေးငယ်ဟာ မေ့မျောသွားတာကြောင့် Shayပြာယာခတ်သွားရသည်။

"ဟေ့..!မသေပါနဲ့...!အ အပြင်မှာဘယ်သူမှမရှိကြဘူးလား!!!"

သူအသည်းအသန်အော်လိုက်တော့ တံခါးဟာပွင့်လာပြီး မိန်းကလေးနှစ်ယောက်နှင့် လူရွယ်တစ်ယောက်ဝင်ရောက်လို့လာသည်။သူတို့ဝတ်ဆင်ထားသောအဝတ်အစားများမှာ နန်းတော်ထဲက အဖြူနဲ့အနက်အိမ်ဖော်ဂါဝန်အဝတ်အစားများနှင့် အထိန်းတော်ပုံစံအဝတ်အစားများဖြစ်တာကြောင့် Shayအနည်းငယ်တော့ ကြောင်သွားရသည်။သတ်လတ်ပိုင်းအရွယ်လူကသူ့ကို အရိုအသေပေးကာ မေးလာသည်။

"သခင်ကြီး ဘာများအလိုရှိလို့ပါလဲခင်ဗျာ.."

Shayလည်း ကလေးကိုညွှန်ပြပြီး..

"ဒီကလေး မေ့လဲသွားတယ် ။ဘာလို့လဲမသိဘူး ။ကိုယ်တွေလဲပူနေတော့ ဒီတိုင်းထားလို့မဖြစ်ဘူး ။ဆရာဝန်ခေါ်ပေးပါ..."

"ခင်ဗျာ...သခင်ကြီးဘာပြောလိုက်တာ.."

သူ့ပြောတဲ့စကားကို မကြားတာမဟုတ်ပဲ အထူးအဆန်းလိုသူ့ကိုကြည့်ပြီးပြန်မေးလာတော့ Shayလည်း စိတ်တိုသွားရသည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Kde žijí příběhy. Začni objevovat