Arc - 2.14

5K 725 32
                                    

Zawgyi

စီးရစ်ကိုမြင်တဲ့အခါ အကုန်လုံးကတုန်လှုပ်သွားကြသည်။သူတို့တွေဟာ ဇိုးလ် စီးရစ်ဆီသို့ပြေးသွားကာ ဖက်လိုက်ပြီး စီးရစ်က ဇိုးလ်ကိုချီလိုက်တာကို ရပ်ကြည့်နေမိကြသည်။

ထိုနောက် စီးရစ်က ဇိုးလ်ရဲ့ ပါးပြင်လေးကိုညင်သာစွာထိနေရင်း သူတို့ဆီကို အေးစက်စွာကြည့်လာသည်။Shayက ဇိုးလ်ကိုသူ့ပခုံးမှာမျက်နှာအပ်၍ ခေါင်းလေးကိုအသာပုတ်ပေးလိုက်သည်။

"ကိုယ့်ဘာသာထုတ်ပြောမလား..ငါဖိအားပေးရမလား?ငါ့သားမျက်နှာကိုဘယ်သူထိရဲတာလဲ!"

"သ သခင်ကြီး!"

"စီးရစ်...အထင်မလွဲပါနဲ့!မင်းအခုမြင်တာတွေက ဘာမှမဟုတ်ပါဘူး။အထက်မြင်လွဲတာပါ!"

"ဟားဟား!!အထင်မြင်လွဲတာ?ကျုပ်သားကို ဒီကောင်ခြေထောက်နဲ့ကန်တော့မဲ့မြင်ကွင်းကို တည့်တည့်ကြီးမြင်လိုက်တာကို အထင်မြင်လွဲတာဆိုတော့ ကျုပ်စောက်လုံးကကန်းနေတာမဟုတ်ဘူး!!"

"သခင်ကြီး!နားလည်မှုလွဲတာပါ..ကျွန်တော် သခင်လေးကို နာကျင်အောင်လုပ်ဖို့မရည်ရွယ်ပါဘူးဗျာ!"

"နာကျင်အောင်လုပ်ဖို့မရည်ရွယ်ဘူး!ခွေးစကားမပြောနဲ့ ဟိတ်ကောင်!ငါသာရောက်မလာရင်!မင်းငါ့သားကို နာကျင်အောင်လုပ်တော့မှာလေ!!အဲ့ကောင်ကို ချုပ်ထားလိုက်ကြ!"

Shayက အစောင့်တွေကို အော်ပြောလိုက်သည်။အစောင့်တွေက ချက်ချင်း အထိန်းတော်ကိုဖမ်းချုပ်လိုက်ကြသည်။အထိန်းတော်က ကြောက်လန့်တကြားဖြင့်ကာ..

"သ သခင်ကြီး !တောင်းပန်ပါတယ်!နားလည်မှုလွဲတာပါ..!မလုပ်ပါနဲ့!!"

"ဘယ်သူကမင်းသခင်ကြီး?မင်းရဲ့သခင်အစစ်အမှန်က ဘယ်သူလည်းငါမသိထင်နေလား!"

Shayရဲ့စကားကြောင့် ဒုတိယအိမ်တော်ဟာလည်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။

"စီးရစ်!မင်းဘာတွေစိတ်မကြည်ဖြစ်လာလို့လဲ!ငါတို့ ဒီကိစ္စကိုအေးအေးဆေးဆေးဖြေရှင်းကြရအောင်လေ?အထိန်းတော် ဇိုးလ်ကိုကန်ဖို့လုပ်တာကလည်း မင်းတမျိုးမထင်ပါနဲ့ကွာ..!မင်းမသိလို့ကွ..။မင်းမရှိတဲ့အချိန်မှာ ဇိုးလ်ကအရမ်းဆိုးသွမ်းနေတာ!မင်းတူနဲ့တူမကိုလည်း အနိုင်ကျင့်နေသေးတာ.."

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now