Arc - 2.12

5.4K 766 19
                                    

Zawgyi

ဇိုးလ်က ဒုတိယအိမ်တော်ကလူတွေကိုစိုက်ကြည့်လိုက်သည်။သူမှတ်မိသလောက်ဆို ဒုတိယအိမ်တော်ကလူတွေက တစ်ယောက်မှမကောင်းကြဘူး။အကုန်လောဘတစ်ပါးတွေပဲဖြစ်သည်။သူတို့က ပါးပါးရဲ့ငွေတွေကိုသုံးဖြုန်းကာ ပြဿနာတစ်ခုခုတက်ပြီဆိုရင်လည်း ပါးပါးနာမည်ကိုအလွဲသုံးစားလုပ်ကြသည်။အဆိုးဆုံးကတော့ ပါးပါး သေဒဏ်ပေးခံရချိန် တစ်ယောက်တစ်လေမှရောက်လာခြင်းမရှိခဲ့ကြချေ။

ဇိုးလ်က ဒုတိယအိမ်တော်ကိုအရင်ကတည်းကသဘောမကျချေ။ထိုလူတွေကလည်း သူ့ကိုကောင်းကောင်းမဆက်ဆံတာကြောင့်လည်းဖြစ်သည်။အိမ်တော်သို့ရောက်လာတဲ့အချိန်တိုင်း သူတို့ကသူ့ကိုလှောင်ပြောင်ကြပြီး သူတို့သားသမီးတွေက သူ့ကိုအနိုင်ကျင့်လေ့ရှိကြသည်။

အရင်တုန်းက ပါးပါးကဒီကိစ္စနဲ့ပတ်သတ်ပြီးသိသော်လည်း ဝင်ရောက်စွက်ဖက်ခြင်းမရှိကာ မျက်ကွယ်ပြုလေ့ရှိသည်။အခုအချိန်မှာရော ပါးပါး ဘာလုပ်မလဲ။အရင်လိုပဲ မျက်ကွယ်ပြုမှာလား?။ဟင့်အင်း မဖြစ်နိုင်ဘူး၊အခုဆို ပါးပါးက သူ့ကိုအရမ်းဂရုစိုက်ပြီးချစ်နေပြီ။သူအတွေးမလွန်သင့်ဘူး။ဒါပေမဲ့လည်း အနည်းငယ်စိတ်ထဲထစ်နေတယ်။

"အဖေကြည့်စမ်း!ဒီကောင် ကျွန်တော်တို့ကိုလျစ်လျုရှုရဲတယ်!"

ဇိုးလ်ထက် ခေါင်းတစ်လုံးစာမြင့်သောကောင်လေးက လက်ကိုပိုက်ကာ ဆိုဖာကနေမထပဲပြောလေသည်။သူ့ပုံစံဟာ မသိရင်ဒီအိမ်ရဲ့သခင်လေးတစ်ယောက်လိုပဲ။

"မတွေ့တာကြာတော့ ငါတို့ကိုလေးစားရကောင်းမှန်းမသိတော့ဘူးပဲ!!ရတယ်လေ ပြန်သင်ပေးရမှာပေါ့!ငါတို့ရှိနေတဲ့အတောအတွင်းမှာ ကိုယ့်အဆင့်အတန်းကိုယ်သိအောင်လို့ သင်ပြပေးရတာပေါ့ကွာ!"

"ယောကျာ်း!သိပ်တော့မလုပ်နဲ့နော် အထိန်းတော်ပြောပုံအရ စီးရစ်လ်က ဒီကောင်စုတ်လေးကိုဂရုစိုက်လာပြီဆို!"

"ဟမ့်!ဘာကြောက်နေစရာရှိလဲကွာ..စီးရစ်လ်က ငါတို့စကားဆိုနားထောင်ပါတယ်ကွ!သူ့ကို ဒီကောင်စုတ်လေးကလူကြီးကိုမလေးစားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပဲပြောလိုက်!စီးရစ်လ်ကဘာမှပြောမှာမဟုတ်ဘူး!"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Dove le storie prendono vita. Scoprilo ora