Arc - 4.1

6.7K 656 23
                                    

Unicode

Spaceထဲပြန်ရောက်တဲ့အခါ Shay တစ်ယောက် owlကို ဖမ်းကာ အံကြိတ်ပြီး မေးလိုက်တယ်။

"Owl!မင်းအမှန်အတိုင်းပြော။ အဲ့လီထယ်မင်းကဘာလဲ?သူကဘာလို့မင်းကိုသိနေတာလဲ။မင်းကရော သူ့စကားဘာလို့နာခံတာလဲ!"

owlက တောင်ကြည့်မြောက်ကြည့်လုပ်ကာ လေသံတိုးတိုးနဲ့ပြော၏။

[အဲ့ဒါက ပြောရမှာအရှည်ကြီးပဲ]

"ဘာမှမဖြစ်ဘူး။ငါစိတ်ရှည်တယ်။နားထောင်နိုင်တယ်"

[ငါကတော့မပြောနိုင်ဘူး။အာညောင်းတယ်]

"...."

[မင်းမသိတာပဲကောင်းပါတယ်။ဒါမျိုးက ကိုယ့်ဘာသာမှတ်မိပြီး သိတာကမှပိုကောင်းတာ..]

"ငါ့ဘာသာမမှတ်မိလို့ မှတ်မိအောင် မင်းကိုမေးနေတာပေါ့ကွာ..။ဒါဆိုလည်း နှစ်ခုပဲဖြေကွာ.."

[မေးကြည့်]

"လီထယ်မင်းကိုယ်ထဲကဘယ်သူလဲ?"

[ကောင်းကင်ဘုံဧကရာဇ်မင်းရဲ့သားတော်]

"...."

Shay owlကိုရူးနေတာလားဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။
"လာနောက်နေတာလား။"

[အတည်ပြောတာ။မင်းကအတိတ်မေ့နေတော့ ဒါကိုထူးဆန်းတယ်လို့ထင်မှာပဲလေ..]

ထူးဆန်းတယ်ထင်တာမဟုတ်ဘူး၊ထူးကိုထူးဆန်းတာ။ဘာလဲ..ကောင်းကင်ဘုံဧကရာဇ်မင်းရဲ့သားတော်ဆိုတာကြီးက၊ အဲ့ဒါမျိုး ဇာတ်လမ်းထဲမှာပဲကြားဖူးတယ်။

"ထားပါ။အဲ့မင်းပြောတဲ့ ကောင်းကင်ဘုံဧကရာဇ်မင်းရဲ့သားတော်နဲ့ငါနဲ့ကဘယ်လိုပတ်သတ်တာလဲ?"

[လင်လင်တွေ]

"....."

ဒါကြီးကတော့များလွန်းသွားပြီ။

"မဖြစ်နိုင်တာ.. ငါကရေတောင်မရောထားတဲ့ လူပျိုကွ!"

[မင်းအနေနဲ့ မင်းရဲ့ကမ္ဘာကိုမကြည့်သင့်ဘူး။ပြောရရင် မင်းရဲ့အဲ့ကမ္ဘာကြီးက မင်းနေထိုင်တဲ့ကမ္ဘာအစစ်အမှန်မဟုတ်ဘူး။ မင်းက..လူမဟုတ်ဘူး...ခွေး]

"ဟိတ်ကောင်!"

[စတာ။အဟမ်း...မင်းကလူမဟုတ်ဘူး]

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now