Arc - 6.13

1.4K 180 4
                                    

Unicode

"လီအို!တော်တော့..!"

သေဆုံးနေပြီဖြစ်သည့်အလောင်းတွေကိုတောင်ဆက်ပြီးသတ်ဖြတ်မလို့လုပ်နေသေးသော လီအိုနေးကိုအယ်လ်ဒန်ဟာတားဆီးလိုက်သည်။ အယ်လ်ဒန်ရဲ့စကားအမိန့်တစ်ချက်ကြားသည်နှင့် လီအိုနေးရဲ့လှုပ်ရှားမှုတို့ကရပ်တန့်သွားကာ လူသတ်ရိပ်နှင့်ကြောက်စရာအငွေ့အသတ်တို့ကပျောက်ကွယ်သွားလေသည်။

ထိုနောက်အယ်လ်ဒန်ဖက်သို့လှည့်ကြည့်လာတဲ့အခါမှာတော့ သူဟာpuppyလေးတကောင်လိုကြည့်လာပြီး အယ်လ်ဒန်အနားသို့အတင်းတိုးကပ်ကာပွတ်သပ်နေ၍"ကိုယ်တော်တယ်မလား!"ဟူ၍ချီးကျူးမှုခံယူချင်သည့်အလား မျှော်လင့်တကြီးပြောဆိုလို့နေလေသည်။

ကျန်သုံးယောက်မှာ လီအိုနေးကိုကြည့်ပြီး"ဒါကရေသူထီးရောဟုတ်ရဲ့လား၊ခွေးတကောင်နဲ့ပိုမတူဘူးလား?"ဟူ၍တွေးမိလိုက်ကြသည်။

အယ်လ်ဒန်ဟာလီအိုနေး၏ကပ်တွယ်မှုကိုငြင်းဆန်ခြင်းမရှိပေမဲ့ အရမ်းကြီးလိုက်လျောနေခြင်းလည်းမရှိချေ။ သူ့မျက်နှာဆီကပ်လာရင်တော့ လီအိုနေးကိုတွန်းထုတ်ပစ်တတ်သည်။ အိုလီယန်ဟာရက်ရက်စက်စက်သတ်ဖြတ်ခံထားရသည့်အလောင်းများကိုကြည့်ပြီးနောက် လီအိုနေးကိုလှည့်ကြည့်လိုက်သည်။ မကောင်းဆိုးဝါးတောင်ဒီလောက်ထိရက်စက်လိမ့်မည်ဟုမထင်ချေ။

"အရှင်..ဒီအလောင်းတွေကိုဒီတိုင်းတော့ထားပစ်ခဲ့လို့မရပါဘူး။ မြေမြုပ်တာဖြစ်ဖြစ်လုပ်ရလိမ့်မယ်လို့ထင်ပါတယ်"

အိုလီယန်ဟာအန်းရက်စ်ဆီသို့လျှောက်သွားလိုက်ပြီးပြောလိုက်သည်။ အန်းရက်စ်လည်း အိုလီယန်ပြောသည်ကိုကမှန်တာကြောင့် ခေါင်းတစ်ချက်ဆတ်ပြလိုက်ပြီး သူပါကူညီပေးဖို့ဆုံးဖြတ်လိုက်သည်။ဒီအလောင်းတွေကိုသာ အိုလီယန့်ကိုတစ်ယောက်ထဲလုပ်ခိုင်းလို့ရှိရင် ညမိုးချုပ်သွားလိမ့်မည်။ ညရောက်တာနဲ့တောရိုင်းကောင်တွေရဲ့အန္တရာယ်ကိုစိုးရိမ်ရသေးသည်လေ။ သူနှင့်အိုလီယန်နှစ်ယောက်ထဲသာဆိုကိစ္စမရှိပေမဲ့ ရိုင်ရယ်နှင့်သူ့ရဲ့ရေသူထီးလေးလည်းပါနေသည်ဆိုတော့ အတတ်နိုင်ဆုံးဘေးကင်းကင်းနဲ့ရှိနေချင်သည်။ 

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now