Arc - 4.10(final)

4.3K 461 4
                                    

Uni

ထိုစဥ် သားရဲတကောင်၏ဟိန်းဟောက်သံဟာ ကျယ်လောင်စွာထွက်ပေါ်လာသည်။ အကုန်လုံးလန့်ကုန်ကြပြီး အသံထွက်ရာဘက်ဆီသို့မျက်နှာမူလိုက်ကြသည်။ အရွယ်အစားကြီးမားတဲ့ဝက်ဝံညိုကြီးက အပင်တွေကြားထဲကပေါ်လာပြီး လူသားတွေကိုမြင်တဲ့အခါ သူ့ရဲ့မျက်ဝန်းကဆာလောင်မှုတို့ပြည့်သိပ်လာသည်။

'ဒါ အရင်Butlerကိုသတ်ခဲ့တဲ့ဝက်ဝံလား'

[ဟုတ်မှာပေါ့]

'ချီး..အကြီးကြီးပဲဟ!'

အဲဗလင်းလည်း ကြောက်လန့်နေပြီး သူမရဲ့လူတွေရဲ့ကာကွယ်မှုကြားမှာပုန်းကွယ်လို့နေ၏။ ဒီဝက်ဝံကဘယ်ကရောက်လာတာလဲ..သူမတို့အစီစဥ်ထဲ ဒီဝက်ဝံမပါဘူးလေ။

"အမြန်ပြန်ဆုတ်ကြ...!သခင်မလေးကိုကာကွယ်ကြ!"

လူလေးယောက်က အဲဗလင်းကိုဝိုင်းထားပြီးထွက်ပြေးဖို့ပြင်ကြသည်။ဒါပေမဲ့ ဆာလောင်နေတဲ့ဝက်ဝံကထွက်ပြေးခွင့်မပေးပဲ ဝရုန်းသုန်းကားပြေးကာ သူတို့ရှေ့မှာပိတ်ရပ်လေသည်။

"သခင်မလေး..ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။"

အဲဗလင်းလည်း ကြောက်လန့်နေတာကြောင့် အကြံကိုမနည်းထုတ်နေရသည်။ဒီဝက်ဝံကိုတိုက်ခိုက်ရင် သူမရဲ့လူတွေနိုင်မည်တာကိုသူမသိသည်။ သူမကကောက်ကျစ်တဲ့အကြံတစ်ခုရသွားသည်။Butlerကိုငါးစာလုပ်ပစ်ရမည်။
ထိုအတွေးဖြင့် အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ သူမမျက်လုံးပြူးသွားသည်။Butlerက နေရာမှာမရှိနေတော့ပဲ သူကသူမတို့နဲ့အလှမ်းဝေးကိုရောက်နေပြီဖြစ်သည်။

"ဒီ ဒီကောင်..တစ်ယောက်ထဲထွက်ပြေးရဲတယ်!!!"

Shayကတော့ အဲဗလင်းရဲ့ဒေါသတကြီးအော်သံကိုဂရုမစိုက်နိုင်ပေ။

"ပြေးမှလွတ်မှာ..ငါလည်း အဲ့ဝက်ဝံကိုမနိုင်ဘူး။owl မေးလ်ဇက်အခုဘယ်မှာလဲ!"

[သူရောက်လာတော့မယ်..ဆက်ပြေးနေ]

'ပြေးနေတာပဲလေကွ..ငါဘာလုပ်နေတယ်မြင်လို့လဲ။မဖြစ်ဘူး...သွား မေးလ်ဇက်ကိုအမြန်လာဖို့သွားခေါ်!'

[ဟ..ငါကဘယ်လို..]

'မသိဘူး..အမြန်သွားခေါ်!!'

[ပြီးရော သတိထားနေအုံး..အမြန်ပြန်လာမယ်]

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now