Arc - 3.2

6K 745 30
                                    

Unicode

Shay သူ့အရှေ့ကနေ မင်ဟယ်ဆောင်းကိုသည်းသည်းလှုပ်ပြနေတဲ့ အစ်ကိုကြီးနှစ်ယောက်ကိုအဝကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် ဘာမှမဖြစ်လာပါဘူး..ကိုကြီးနဲ့ ကိုလတ်"

မင်ဟယ်ဆောင်းကတော့ သတိမထားမိတာလား၊ ဂရုမစိုက်တာလား သူမသိဘူး။ ဒါပေမဲ့ သူကတော့ ဒီလူနှစ်ယောက်ရဲ့မျက်ဝန်းတွေကိုကြည့်ရုံနဲ့ မင်ဟယ်ဆောင်းအပေါ် ဘယ်လောက်ထိအလိုလိုက်ချစ်ခင်ကြသလဲဆိုတာ တန်းပြီးမြင်တွေ့ရတယ်။

အခုလည်းကြည့်ပါလား။ သူ ကိုကြီးနှင့်ကိုလတ်လို့ခေါ်လိုက်တာလေးနဲ့ ပါးစပ်ပြုတ်ထွက်တော့မတတ် အံ့သြပြီး နောက်တော့ မျက်ရည်လည်လာတဲ့ အစ်ကိုကြီးနှစ်ယောက်လေ။ Shayတစ်ယောက် ရယ်ချင်စိတ်ကိုထိန်းချုပ်လိုက်ရသည်။

မင်ဟယ်ဆောင်းက တကယ့်ကိုစောက်ရူး။ သူ့ကိုဒီလောက်ထိချစ်တဲ့ အစ်ကိုနှစ်ယောက်ကို သူကမချစ်တဲ့အပြင်မုန်းပြီး မနာလိုဖြစ်နေသေးတယ်။မင်ဟယ်ယန်းက အကြီးဆုံးဖြစ်တဲ့အတွက် မိသားစုအမွေကိုဆက်ခံရမဲ့သူ။ မင်ဟယ်ဆောင်းက ဒါကိုသဘောမကျဘူး။ သူက အမွေဆက်ခံသူဖြစ်ချင်တာ၊ -ာလူးမသားက စောက်သုံးတော့မကျပဲ အမွေဆက်ခံသူဖြစ်ချင်နေတယ်။တကယ့်ကောင်။ သူကတော့ မင်ဟယ်ဆောင်းလို စောက်ရူးမဟုတ်ဘူး။ ဒီအစ်ကိုကြီးနှစ်ယောက်ကို ထပ်ပြီးပျော်ရွှင်သွားအောင်သူလုပ်ပေးချင်တယ်။ ဒါကြောင့် သူက တစ်ခုခုပြောရန်ပြင်လိုက်ချိန်မှာ..Owlရဲ့အသံကြီးကထွက်လာတယ်။

[မပြောချင်ပေမဲ့ ပြောလိုက်ဦးမယ်။ Host စဝင်လာကတည်းက OOCဖြစ်နေတာကိုရောသိရဲ့လားဗျ။ သတိလေးဘာလေးများထားမိမလားလို့ စောင့်ကြည့်နေတာ သူကသတိရဖို့နေနေသာသာ တစ်ခုပြီးတစ်ခု ချိုးဖောက်နေတယ်]

'ငါOOCဖြစ်ရင် သတိပေးရမှာ မင်းအလုပ်လေကွ!'

[နှစ်ကမ္ဘာတောင် ဖြတ်သန်းလာပြီးပြီကို ခေါင်းထဲသေချာမှတ်ထားမလားလို့ထင်လို့လေ။]

'မင်းက ငါ့ကိုဦးနှောက်မကောင်းဘူးလို့ပြောတာလား!'

[ကိုယ့်ဘာသာပြောနေတာ owlမပြောဘူး]

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now