Arc - 3.14

5.4K 665 15
                                    

Unicode

Shay နိုးလာတဲ့အခါ နေ့လယ်တစ်နာရီပင်ရှိနေပြီဖြစ်ကာ သူ့တကိုယ်လုံးလည်း နာကျင်ကိုက်ခဲလို့နေသည်။ သူအိပ်ရာထဲမှမထချင်သေးတာကြောင့် စောင်ကိုခြုံကာကွေးနေလိုက်တယ်။

ထိုစဥ် လီထယ်မင်းက တံခါးဝမှာပေါ်လာပြီး သူ့ဆီသို့ပန်းကန်လုံးတစ်လုံးကိုင်ဆောင်ကာ လျှောက်လာသည်။သူက Shayရဲ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး မျက်နှာကိုဖုံးကွယ်တော့မတတ်ခြုံထားတဲ့စောင်အား အသာလေးဖယ်လိုက်တယ်။

"Shay...ထဦးလေ..ဆေးသောက်ဦး"

"..ငါမနိုးသေးဘူး"

"....."

လီထယ်မင်းက ကြောင်သွားရာမှ ထရီတော့တယ်။ Shayလည်း ဘာရယ်မဟုတ် ပြုံးစိစိဖြစ်သွားတယ်။ လီးပဲ..သူဘာလို့ကလေးဆန်နေတာလဲ။Shay ဆက်မလှဲနေတော့ပဲ ထလိုက်ပြီး..လီထယ်မင်းလက်ထဲက ပန်းကန်လုံးကိုယူလိုက်တယ်။ ပန်းကန်လုံးထဲက အနက်ရောင်ဆေးရည်တွေကိုမြင်တဲ့အခါ Shayမျက်နှာမဲ့သွားတယ်။

"ဒါဆေးလား?မင်းဟာက အဆိပ်ရည်နဲ့တောင်တူသေးတယ်"

"ရက်စက်လိုက်တာ..ဒီဆေးရည်ကို ကိုယ်၊ကိုယ်တိုင်ကြိုထားတာ..သောက်လိုက်၊အားအင်ပြည့်လာလိမ့်မယ်"

"ငါ့နောက်ပေါက်တောင် စွန့်ပစ်လိုက်ပြီးပြီပဲ..ငါ့အတွက်အသက်ဆိုတာက အရေးမပါတော့ဘူး။"ဟု Shayက သက်ပြင်းချကာ မျက်လုံးကိုတင်းကြပ်စွာမှိတ်ပြီး မဝံ့မရဲဖြင့် ဆေးရည်ကိုမော့သောက်လိုက်သည်။

လီထယ်မင်း မျက်လုံးမှေးကျဥ်းသွားကာ အခုချက်ချင်းပင် Shayကိုတွန်းလှဲပစ်ချင်သွားသည်။သို့ပေမဲ့ Shayနာကျင်နေတာကို သိတာကြောင့် စိတ်ကိုပြန်ထိန်းလိုက်သည်။

Shayသောက်ပြီးသည်နှင့် လီထယ်မင်းလက်ထဲပန်းကန်လုံးထည့်ပေးလိုက်ကာ မျက်နှာရှုံ့မဲ့လျက် ရေရွတ်လိုက်တယ်။

"shit!ခါးလိုက်တာ..!"

"ခါးပဲခါးတာ..မသေဘူး..စိတ်ချ။ရော့..သကြားလုံးငုံထား"

လီထယ်မင်းက သကြားလုံးကိုအခွံခွာလိုက်ပြီး Shayပါးစပ်ထဲကို ထည့်ပေးလိုက်တယ်။Shayလည်း ခါးနေတာကြောင့် ပါးစပ်ဟကာ သကြားလုံးကိုငုံလိုက်တယ်။အဲ့ဒီခဏလေးမှာ လီထယ်မင်းလက်ချောင်းက Shayလျာနဲ့ထိမိသွားသည်။ Shayက သတိမထားမိပေမဲ့ လီထယ်မင်းကတော့ သူ့လက်ချောင်းကိုပြန်စိုက်ကြည့်လိုက်ပြီး ထိုလက်ချောင်းကို ပါးစပ်ထဲကောက်ငုံလိုက်တယ်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now