Arc - 6.6

1.9K 277 2
                                    

Unicode

အိုလီယန်၏အိမ်တော်မှနေပြီး နန်းတော်ဆီသို့သူတို့ပြန်လာခဲ့ကြသည်။ ရိုင်ရယ်ဟာတော့ ညစာမတိုင်မှီအပျင်းကြောဆွဲကာ ကုတင်ထက်၌အိပ်ပျော်လို့သွားလေတယ်။

Shayဟာသူ့တကိုယ်လုံးကသန့်ရှင်းနေပါသော်လည်း ရေမချိုးပဲမနေနိုင်တာကြောင့် ရေချိုးရန်ပြင်ဆင်လိုက်၏။ အစေခံမလေးနှစ်ယောက်ကသူ့အားရေချိုးကန်ဆီသို့လိုက်၍ပို့ဆောင်ပေးလေသည်။

သူ(မ)တို့ကသူ့ကိုကူညီမလို့ပြင်ဆင်လာပေမဲ့ Shayဟာအကြောက်အကန်ငြင်းကာမောင်းထုတ်လိုက်၏။ အဲဒီနောက် သူမပြီးမချင်းအထဲကိုဝင်မလာကြဖို့မှာထားလိုက်ပြီး တံခါးကိုသေချာပိတ်လိုက်၏။ သူ့ရဲ့အဝတ်အစားတို့ကိုချွတ်ပစ်လိုက်တဲ့အခါ ကြမ်းပြင်ပေါ်၌ပုံရက်သားကျဆင်းကုန်၏။ Shayရဲ့သူ့ရဲ့ငွေဖြူရောင်ဆံနွယ်ကိုအမြင့်သို့မြှောက်ကာဆံထုံးထိုးလိုက်သည်။ အဲဒီနောက်မှာတော့ နှင်းဆီပွင့်ဖတ်များပြန့်ကျဲနေသည့် ကန်ရေပြင်ကျယ်ကြီးထဲသို့သူဟာဆင်းသက်သွားလိုက်သည်။

ရေကအနည်းငယ်နွေးနေတာကာ အလွန်နေလို့ကောင်းပြီး နှင်းဆီပန်းရဲ့ရနံ့တို့ကြောင့် သက်တောင့်သက်သာရှိလျက် စိတ်ကိုရွှင်လန်းသွားစေသည်။ သူဟာကန်ဘောင်မှာမှီကာရေစိမ်ရန်ပြင်နေစဥ်မှာပဲ သူ့ရဲ့ဆေးစွမ်းဟာပြယ်သွားပြီး ရေသူအမြှီးးပေါ်ပေါက်လာလေတယ်။

'ဟုတ်သား၊ဆေးကအချိန်ပြည့်နေပြီပဲ။'

ဒါပေမဲ့ Shayကဆေးထပ်မသောက်တော့ပဲ သူ့ရေသူအမြှီးအားထိုအတိုင်းသာထားလိုက်တော့သည်။ ဘာလို့လဲမသိပေမဲ့ ရေသူအမြှီးနဲ့ရေစိမ်နေရသည်က ပိုပြီးတော့တောင်နေလို့ထိုင်လို့ကောင်းသေးသည်။ အညောင်းအညာလည်းပြေသလို ရေကူးခပ်ချင်စိတ်တောင်ဖြစ်ပေါ်လာ၏။ ရေသူဖြစ်တာကြောင့် လူသားလိုနေရတာကြာနေခဲ့ပြီး ရေမကူးခပ်ရတာကြာသွားလို့ထင်ပါသည်။

ရေကန်ဟာ ရေကူးခတ်လို့ရလောက်သည်အထိ အတော်လေးကျယ်လှသည်။ Shayဟာရေကန်ထဲမှာပတ်ကာကူးခတ်လိုက်ပြီးနောက် ရေကန်ဘောင်ကိုမှီကာရေစိမ်နေလိုက်၏။ အပြာနုရောင်ရေသူအမြှီးဟာရေထဲတွင်လှပစွာတည်ရှိနေသည်။ Shayဟာရေစိမ်နေရင်း ဇိမ်ကျလွန်းတာကြောင့် မျက်လုံးမှေးလာကာမကြာခင်ပဲအိပ်ပျော်သွားတော့သည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now