Unicode
မင်ဟယ်ယွန်းဟာ သင်တန်းကပြန်လာပြီးနောက် ဧည့်ခန်း၌ထိုင်ကာ ဖုန်းသုံးရင်းအနားယူနေလေသည်။ အပေါ်ထပ်ကနေ ဆင်းလာတဲ့ မင်ဟယ်ယန်းက မင်ဟယ်ယွန်းနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်တယ်။ မင်ဟယ်ယွန်းက သူ့အစ်ကိုကြီးကိုမျက်လုံးလှန်ကာကြည့်လိုက်တယ်။အစ်ကိုကြီး မျက်နှာကလေးနက်ကာ တစ်ခုခုကိုအတွေးလွန်နေပြီး ခြေထောက်တစ်ဖက်ကတလှုပ်လှုပ်နဲ့။
မင်ဟယ်ယွန်း လျစ်လျူရှုဖို့ပြင်လိုက်ပေမဲ့ အဲ့ခြေထောက်ဂနာမငြိမ်ဖြစ်နေတာက သည်းခံလို့မရတာကြောင့် ဖုန်းကိုချလိုက်ပြီး မေးလိုက်တယ်။
"အစ်ကိုကြီး..မင်းဘာဖြစ်နေတာလဲ?"
"...ငါ စိတ်ထဲလေးနေတယ်။"
"အစ်ကိုကြီးစိတ်ထဲမှာအလေးတုံးထည့်ထားလို့လား.."
"မနောက်နဲ့..ငါအတည်ပြောတာ..ကလေးက အခုထိပြန်မလာသေးဘူး။ နောက်ပြီး ငါစိတ်ထဲကလည်း တစ်စုံတစ်ခုကိုပူပန်နေတယ်"
"ငယ်လေးက အရင်ကလည်း ဒီအချိန်ပြန်လာနေကျမှမဟုတ်တာဗျာ..၊နောက်ပြီး အစ်ကိုကြီးစိတ်လေးနေတာက စိတ်မကြည်မလင်ဖြစ်နေလို့နေမှာ.."
"....ဟူး..မသိတော့ဘူး။ဒါပေမဲ့ တစ်စုံတစ်ခုကတော့စိတ်ထဲထစ်နေတယ်!"
မင်ဟယ်ယွန်းလည်း ခေါင်းညိတ်လိုက်ပြီး ဖုန်းကိုပြန်သုံးတော့တယ်။ထိုစဥ် ကားဟွန်းတီးသံက ခြံအပြင်ဘက်ကနေထွက်ပေါ်လာတယ်။မင်ဟယ်ယွန်းနဲ့မင်ဟယ်ယန်းလည်း ခေါင်းထောင်လာကြတယ်။ကြည့်လိုက်တော့ ခြံစောင့်ဦးလေးက ခြံအပြင်ကိုထွက်သွားပြီး နောက်တော့ ကမန်းကတန်းဖြင့် ခြံတံခါးကိုဖွင့်ပေးနေတယ်။
ထိုနောက် အနက်ရောင်ကားတစ်စီးနဲ့သူတို့ညီလေးရဲ့ပြိုင်ကားဟာ ရှေ့ဆင့်နောက်ဆင့်ခြံထဲဝင်ကာရပ်လာကြတယ်။ခြံစောင့်ဦးလေးက သူတို့ဆီအပြေးရောက်လာပြီး..စိုးရိမ်ပူပန်စွာ အလောတကြီးဖြင့်ပြော၏။
"ပထမသခင်လေးဗျ..တတိယသခင်လေးက.."
"ကလေးဘာဖြစ်လို့လဲ!"
မင်ဟယ်ယန်းက စိတ်ပူပင်စွာဖြင့် ခြံစောင့်ဦးလေးရဲ့စကားကိုဆုံးအောင်နားမထောင်တော့ပဲ အိမ်ထဲမှပြေးထွက်သွားတယ်။ထို့နည်းအတူ မင်ဟယ်ယွန်းကလည်း အနောက်ကနေလိုက်သွားတယ်။သူလည်းစိတ်ပူသွားသည်လေ။
BẠN ĐANG ĐỌC
ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)
Lãng mạn((𝐂𝐨𝐯𝐞𝐫 𝐏𝐡𝐨𝐭𝐨 𝐂𝐫𝐞𝐝𝐢𝐭 𝐓𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐀𝐫𝐭𝐢𝐬𝐭.))