Arc - 3.6

5.3K 716 25
                                    

Unicode

"ဟယ်ဆောင်း"

Shayတစ်ယောက် သူ့အခန်းကိုမရောက်ခင် အနောက်ကခေါ်သံကြောင့်လှည့်ကြည့်လိုက်တယ်။ မင်ဟယ်ယန်းက သူ့ဆီလျှောက်လာပြီး သူ့ကိုစိုက်ကြည့်လာသည်။

Shayလည်း မျက်ခုံးပင့်လိုက်ပြီး ဘာမှမဖြစ်သယောင် မထုံတတ်တေးရုပ်နဲ့ကြည့်နေလိုက်တယ်။စိတ်ထဲမှာတော့..

'အစ်ကိုကြီးလည်း နောက်ဆုံးတော့ သူ့ညီရဲ့အပြုအမူကိုသည်းမခံနိုင်တော့ဘူးထင်ပါရဲ့..owlသူငါ့ကိုထိုးမယ်ထင်လား ဘယ်ဘက်ကိုထိုးမယ်ထင်လဲ?'

[..မျက်နှာမပြောင်နဲ့]

'.....'

"ဘာကိစ္စလဲ?"

"...."
မင်ဟယ်ယန်းက ဘာမှမပြောပဲ သူ့ကိုပဲစိုက်ကြည့်နေတာကြောင့် တကယ်ပဲစိတ်တိုပြီး လက်သီးနဲ့ထိုးမှာလားဟုတွေးလိုက်စဥ်မှာ မင်ဟယ်ယန်းလက်ကမြှောက်လာတော့ Shayလည်းတံတွေးမြိုချကာ သတိအနေအထားနေလိုက်တယ်။

ဒါပေမဲ့ သူထင်သလိုမဟုတ်ပဲ အစ်ကိုကြီးက သူ့လက်ကိုမြှောက်တာဟာ Shayရဲ့လက်ကိုဆုတ်ကိုင်ဖို့ပဲဖြစ်တယ်။အစ်ကိုကြီးက သူ့လက်ကိုကိုင်လာပြီး ပြောလာတယ်။

"အစ်ကိုကြီး တောင်းပန်ပါတယ်။ အစ်ကိုကြီး ကလေးရဲ့ခွင့်ပြုချက်တောင်းပြီးမှ ချစ်သူထားသင့်တာ..အခုတော့ ရုတ်တရက်ဆိုတော့ ကလေးလည်း စိတ်အနှောင့်အယှက်ဖြစ်သွားတယ်မလား.."

"....."

"အစ်ကိုကြီး ကလေးကို စိတ်ရှုပ်စေဖို့မရည်ရွယ်ပါဘူး"

'မင်းတို့ညီကိုချစ်တဲ့အချစ်ကဟုတ်ရောဟုတ်သေးရဲ့လား!'ဟု Shayထုတ်ပြီးတောင် အော်ပြောမိတော့မယ်။

Shayလည်း စိိတ်ဆိုးမာန်ဆိုးဖြင့် မင်ဟယ်ယန်းရဲ့လက်ကိုခါချလိုက်တယ်။
"ကျွန်တော့်အသားကိုလာမထိနဲ့...ဒီမှာ မင်ဟယ်ယန်း ခင်ဗျားဘာသာ ဘယ်သူနဲ့တွဲတွဲ..ဘာလုပ်လုပ် ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး..စိတ်လဲမဝင်စားဘူး.."

"ကလေး အစ်ကိုကြီးကို စိတ်မဆိုးပါနဲ့.."

"ကျစ်..စိတ်ဆိုးစရာအကြောင်းမရှိဘူး။ ဘာလို့ဆို ခင်ဗျားတို့က ကျွန်တော့်ခေါင်းထဲရှိမနေလို့ပဲ..ခင်ဗျားတို့ဘာသာ လုပ်ချင်သလိုလုပ်..ကျွန်တော့်ကိုဆွဲမထည့်နဲ့.."

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now