Intro

30.4K 1.3K 88
                                    

Zawgyi

SHAYဟာ Top2အချမ်းသာဆုံး Walterမိသားစုက အငယ်ဆုံးသားပဲဖြစ်တယ်။SHAYဟာ ချောတယ်၊ထက်မြတ်တယ်၊အရည်အချင်းရှိတယ် သူဟာ အသက်ငယ်ငယ်နဲ့တင် သူ့မိသားစုပိုင်ကုမ္ပဏီကိုဦးဆောင်နေနိုင်ပြီ။အရာရာပြည့်စုံတဲ့SHAYကိုမုန်းတီးမနာလိုတဲ့ရန်သူတွေလဲရှိတယ်။ဥပမာ-သူ့ဆီကို ချဉ်းကပ်လာတဲ့ မိန်းကလေးတိုင်းဟာ SHAYကိုမုန်းတီးနေတဲ့လူတွေဘက်ကပဲ။ဒါပေမယ့် SHAYကိုမိန်းမလှတွေနဲ့ဆွဲဆောင်လို့ရမယ်ထင်နေလား။သူတို့မသိတာက SHAYကGAYတစ်ယောက်ဖြစ်ကာ ငယ်ငယ်ရွယ်ရွယ်နဲ့ချစ်စရာကောင်လေးတွေကိုပဲစိတ်ဝင်စားတယ်။

ဒါကြောင့် SHAYဟာ သူ့ရန်သူကြီးတွေက သူ့ဆီမိန်းမလှလေးတွေပို့လာတိုင်း ဒေါသဖြစ်ကာ ထိုလူတွေကိုကိုယ့်ထောင်ချောက်ကိုယ်မိအောင်ပြန်လုပ်လေ့ရှိတယ်။

Bert ထိုလူက SHAY အဒေါ်ရဲ့ယောကျာ်းဖြစ်ပြီး SHAYဦးစီးနေတဲ့ကုမ္ပဏီကိုအပိုင်လိုချင်လို့ SHAYကိုအမြဲဒုက္ခလိုက်ပေးနေတဲ့လူ။ဒါပေမယ့် သူလဲSHAYလက်ချက်ကြောင့် ခံလိုက်ရတာပဲလေ။Bertကသူ့မိန်းမကိုကြောက်တာ SHAYသိတယ်။ဒါကြောင့် SHAYက Bertအပြင်မှာ မိန်းမငယ်လေးတွေနဲ့ခိုးပြီးတွေ့နေတဲ့ပုံတွေကို Bertမိန်းမဆီပို့လိုက်တယ်လေ။SHAYရဲ့အဒေါ်လဲဒေါသထွက်သွားပြီး Bertကိုအိမ်ပေါ်ကကန်ချလိုက်တယ်။ဒါဟာ Bertလိုဘာအရည်အချင်းမှမရှိ ဘာနောက်ခံမှမရှိတဲ့လူအတွက်ကိုချောက်ထဲကိုကန်ချခံလိုက်ရသလိုပဲ။ဒီလိုနည်းနဲ့ SHAYကတော့ သူ့ကိုရှင်းထုတ်ချင်တဲ့လူတစ်ယောက်ကိုကန်ချလိုက်တာပဲ။SHAYက ရက်စက်တဲ့နည်းလမ်းတွေအသုံးပြုတဲ့လူတော့မဟုတ်ပါဘူး။

SHAYဘဝက သူ့ကိုလာတိုက်ခိုက်တဲ့လူတွေကို ရှင်းပစ်ဖို့အတွက် ခေါင်းသုံးရတာကလွဲလို့ သူ့ဘဝကအေးဆေးပဲ။ဒါပေမယ့် ကံကြမ္မာအကြောင်းဖန်လာလို့ သေမင်းကSHAYကိုမင်းအသက်ရှင်နေတာမပျင်းဘူးလားဆိုပြီး သူ့ကိုရေချိုးခန်းထဲမှာ ဆပ်ပြာတွေနဲ့ချော်လဲစေကာ သေကြောင်းကြံစည်သွားတယ်။သေမင်းတောင် သူ့ကိုမုန်းနေလားပဲ။

SHAYတစ်ယောက် မျက်လုံးဖွင့်လာတဲ့အခါ ဘာမှန်းမသိတဲ့နေရာကိုရောက်နေတယ်။

"ဒါဘယ်နေရာလဲ?wait ငါသေသွားပြီမဟုတ်ဘူးလား?ဒါမှမဟုတ် မသေသေးတာလား?"
SHAYမသေချာမရေရာဖြစ်နေတုန်း ရုတ်တရက် ဖန်လုံးတစ်ခုဟာသူ့ရှေ့မှာပေါ်လာတယ်။ထိုဖန်လုံးမှာ စာတန်းတချို့လဲထွက်ပေါ်လာတာကြောင့် SHAYဖတ်လိုက်တယ်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Opowieści tętniące życiem. Odkryj je teraz