Arc-2.11

5.7K 805 14
                                    

အမှားပါရင် သည်းခံဖတ်ပေးဖို့တောင်းဆိုပါတယ်။

Zawgyi

ဘုရင်မင်းမြတ်ဟာ ပလ္လင်ပေါ်မှာထိုင်ကာ သူချစ်ရတဲ့အမျိုးသမီးရဲ့လက်ကိုကိုင်ထားပြီး သူချစ်ရတဲ့သားတော်အားကြည့်ကာပြုံးလို့နေသည်။ ထိုအချိန်မှာပဲ သူ့ရဲ့လူယုံတော်ဟာရောက်လာကာ သူကိုတီးတိုးပြောလာသည်။လူယုံတော်ရဲ့စကားကိုကြားတဲ့အခါ ဘုရင်မင်းမြတ်ရဲ့မျက်မှောင်ဟာကြုတ်လို့သွားပြီး သူ့ရဲ့မိဖုရားကိုခွင့်တောင်းကာ ထွက်လာခဲ့သည်။

ဟောခန်းထဲကိုရောက်တဲ့အခါ ကျောပေးကာရပ်နေတဲ့လူကိုတွေ့လိုက်ပြီး ထိုလူဟာသူ့ဖက်ကိုလှည့်လာသည်။

"အရှင် ရောက်လာပြီလား!"

SHAYဟာ ဘုရင်မင်းမြတ်ရှေ့ကိုသွားကာ အရိုအသေပေးလိုက်၏။

"အမတ်စီးလ်ရစ်!မင်းပြောတာတကယ်လား...ဖြေဆေးရပြီဆိုတာ!"ဟု ဆိုရင်း ဆိုဖာ၌ဝင်ထိုင်လေသည်။

ဘုရင်မင်းမြတ်ဟာ ခန့်ညားတဲ့အမျိုးသားတစ်ယောက်ဖြစ်ကာ အသက်လေးဆယ်ကျော်လောက်ရှိပြီဖြစ်ပေမဲ့ သူခံစားနေရတဲ့အဆိပ်ကြောင့် အိုမင်းရင့်ရော်ပုံပေါက်နေသည်။သို့ပေမဲ့ ရွှေရောင်မျက်ဝန်းတစ်စုံက စူးရှကာ လင်းလက်နေဆဲဖြစ်သည်။

Shayလည်း ဘုရင်မင်းမြတ်ရဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ပြီး တက်တက်ကြွကြွပြန်ဖြေလိုက်သည်။

"တကယ်ပါ အရှင်!ကျုပ်ဖော်စပ်လို့အောင်မြင်သွားတာ မနေ့တနေ့ကပါ..!ရရချင်းပဲ အရှင့်ကိုလာပေးချင်ပေမဲ့ အခုလိုမင်္ဂလာရှိတဲ့ ဒုတိယမင်းသားရဲ့မွေးနေ့ပွဲမှာ ပေးတာပိုကောင်းမယ်လို့ထင်လို့ပါ..!နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် အရှင်!"

"မလိုပါဘူး ။မင်း ငါ့အတွက် ဖြေဆေးဖော်ပေးတာနဲ့တင် လုံလောက်ပြီ!ဆိုတော့ ဘယ်မှာလည်း ဖြေဆေးက?"

"ဟုတ်ကဲ့ ဒီမှာပါ!"

Shayဟာ အိတ်ထဲက ဖြေဆေးပုလင်းကိုထုတ်ကာ ဘုရင်မင်းမြတ်ကိုပေးလိုက်တယ်။ဘုရင်မင်းမြတ်က လက်တစ်ဆုတ်စာတောင်မရှိသော ဆေးပုလင်းကိုကြည့်ကာ..

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now