Part_75 (Final)

22.5K 1.5K 440
                                    

<Unicode>

ညနေခင်းမှာ ကား၂စီးယှဉ်ရပ်ထားပြီး လူ၂ယောက်ကလဲ ကားကိုမှီကာ  ဘေးချင်းယှဉ်ရပ်နေကြသည်။ နေဝင်တော့မဲ့ အချိန်ကိုကြည့်ရင်း သူတို့နှစ်ယောက်တိတ်ဆိတ်နေကြသည်။

"တောင်းပန်ပါတယ်"

အောင်ခန့်ရဲ့တောင်းပန်စကားကိုမင်းဆက်ကပြုံးလိုက်သည်။

ဒီကောင်လေး မလိုအပ်တာကိုတောင်းပန်နေပြန်ပြီ။ သူပြုံးလိုက်ပြီး အောင်ခန့်ကိုလှည့်မကြည့်ပြီးဘဲနဲ့

"မလိုဘူး  မင်းနေရာမှာငါဆိုလဲ  အဲ့လိုပဲထင်မိမှာ"

သူပြောလိုက်တော့ အောင်ခန့်ကငြိမ်နေသည်။ ထို့နောက် သူ့ကိုလှည့်ကြည့်ပြီး

"ခုရော ကုမ္မဏီမှာပဲလား"

"အင်း  ကုမ္မဏီမှာပဲ"

"ကောင်းပါတယ် သေနတ်မကိုင်ရတော့ဘူးပေါ့"

"အင်း ခဏတော့မကိုင်ဘဲနေကြည့်မလို့"

"အင်း "

ထို့နောက် နှစ်ယောက်စလုံးတိတ်ဆိတ်သွားသည်။ အောင်ခန့် ကသူ့ရှေ့ကိုလာရပ်ပြီး ခေါင်းငုံ့သည်။

"အစစအရာရာကျေးးဇူးတင်ပါတယ်ခေါင်းဆောင်
ဒီအတောအတွင်း အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"

သူ့ရှေ့က အောင်ခန့်ကိုကြည့်ကာ မျက်ရည်ဝဲလာသည်။ သူ့ညီလေးလိုခင်ရတဲ့ကောင်လေး။

သူပြုံးလိုက်ပြီး ရှေ့နားသွားကာအောင်ခန့်ကိုဖက်ထားလိုက်သည်။

ကျောကိုဖွဖွလေးပုတ်ပေးကာ.....

"အင်း  ငါလဲကျေးဇူးတင်တယ် မင်းတို့နဲ့တွေ့ရတဲ့အတွက်လဲ ငါတကယ်ပျော်တယ်"

အောင်ခန့်က ငိုရင်းသူ့ကျောကိုပြန်ဖက်ထားသည်။ ထို့နောက် တရှုံ့ရှုံနဲ့ငိုတော့သည်။

ဒီကောင်လေးဘယ်လောက်ဝမ်းနည်းနေမလဲသူသိတာပေါ့။

"အင်း  ငါကမင်းရဲ့အကိုပဲ ဟုတ်ပြီလားဘာကိစ္စပဲရှိရှိ ငါ့ဆီလာ ရှင်းခန့်ရဲ့ ညီကငါ့ညီပဲလေ "

"ခေါင်းဆောင် အင့်! "

ကြိတ်ပြီးငိုနေတဲ့အောင်ခန့်ကိုသူဖက်ပြီးနှစ်သိမ့်ပေးလိုက်သည်။ ပထမကြိတ်ငိုရာမှ ခဏကြာတော့ အသံထွက်အောင်ငိုတော့သည်။

THE EYEWhere stories live. Discover now