<Unicode>
"ဒါလေး စားဦး"
"မစားချင်ပါဘူးဆို အဲ့တာကြီးငါမကြိုက်ဘူး"
ကိုယ်ကတော့ အားပြည့်အောင် အားရှိတဲ့အစားအစာတွေ၊ မုန့်တွေကျွေး။ သူကတော့ မစားချင်ဘူးသာငြင်းနေသည်။
အာဏာ ကိတ်မုန့်ပန်းကန်ကို မစားချင်လို့အော်နေတဲ့မင်းဆက်ကြောင့် သက်ပြင်းချလိုက်ပြီး စားပွဲပေါ်ကိုပြန်တင်လိုက်သည်။
သူ့ရှေ့ကိုကြည့်တော့ စိတ်မကြည်သလိုနဲ့ဖြစ်နေတဲ့ကိုကို။ ဘာဖြစ်ရပြန်ပြီလဲ။ ခုရက်ပိုင်းတော်တော်ဆိုးနေတယ်။ပြောမရဆိုမရ၊ဂျစ်တစ်တစ်နဲ့။
"အားရှိအောင်စားရမယ်လေ။ ဆေးတွေသောက် အားရှိတဲ့ အစားအစာတွေကိုစားမှ အရင်လိုပြန်ပြီးအားပြည့်မှာပေါ့"
"မစားချင်ပါဘူး ဒီတိုင်းလဲအားရှိနေတာကို ။ ခုတောင်ငါအလုပ်လုပ်နိုင်တယ်"
မင်းဆက်ကပြောပြီးတိတ်ကျသွားသည်။ ပြီးမှပြုံးလာပြီး အာဏာကိုကြည့်ကာရယ်ကျဲကျဲနဲ့......
"အာ မေ့နေတာ ငါ့မှာအလုပ်မှမရှိတာ"
"ကိုကိုရော"
သူမချိတင်ကဲရေရွတ်ကာ မင်းဆက်ရဲ့ကိုယ်လေးကိုဖက်ထားမိသည်။ သူရာထူးကဖြုတ်ခံထားရတာကိုမေ့သွားပုံရသည်။
ဘယ်လောက်တောင်စိတ်မကောင်းဖြစ်နေမလဲ။
"နေပါဦး "
သူဖက်ထားတာကိုအတင်းရုန်းပြန်တော့ လွှတ်ပေးလိုက်ရသည်။ တကယ့်ကိုဆက်ဆက်ထိမခံ။ စကားကလဲများလာသေးသည်။
တစ်နေ့တစ်နေ့ပြောရတဲ့စကားတွေဆိုတာ ရေပတ်မဝင်။
"မင်းကဘာလို့ဒီဆံပင်ကိုအရှည်ထားနေတာလဲ"
သူ့ခေါင်းကဆံပင်ကိုဖွကာ မျက်လုံးပြူးပြူးလေးနဲ့မေးလာသည်။လက်ကအငြိမ်မနေ။ ခေါင်းကိုလာဖွနေတာမို့ သူလက်ကိုဖမ်းလိုက်တော့ စူပုတ်ပုတ်ဖြစ်သွားပြန်သည်။
"ဘာလို့လဲ ဆံပင်လေးကိုင်တာကို"
"ခေါင်းကိုလာဖွနေတာလေ "