Part_29

11K 1.5K 154
                                    

<Unicode>

"ဒါဆို ခင်ဗျားအပြင်ထွက်လိုက်တော့အလောင်းကိုမြင်လိုက်ရတယ်ပေါ့"

စိုင်းအောင်က  သူ့ရှေ့ကကျောင်းစောင့်ကိုမေးသည်။

ညနေလောက်မှာ  အလောင်းတစ်လောင်းတွေ့၍ ကျောင်းစောင့်က ရဲစခန်းကိုအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ခုဆိုရင် အချိန်အားဖြင့် ည၈နာရီပင်ဖြစ်နေပြီ။  အောင်ခန့်၊ စိုင်းအောင်နဲ့ဂျောင်ဝူးတို့က အိမ်မပြန်ဘဲဌာနမှာသာနေတဲ့အတွက်  အခင်းဖြစ်ရာကိုသွားဖို့ပြင်လိုက်သည်။

အောင်ခန့်ကတော့ အလောင်းတွေ့တဲ့နေရာကိုသွားပြီးစစ်နေပြီး စိုင်းအောင်ကတော့  အလောင်းကိုက ပထမဆုံးတွေ့ရှိခဲ့တဲ့ ကျောင်းစောင့်ကို စစ်ဆေးနေသည်။

"ဟုတ်တယ်၊ မိုးလဲရွာနေတော့ တခြားဘာသံမှသိပ်မကြားရဘူး။ ဒါမဲ့ တစ်ခုခုပြုတ်ကျသလို အသံကိုကြားလို့ ကျွန်တော်အပြင်ထွက်ကြည့်တာပါ၊၊ အဲ့တော့မှ အလောင်းကိုတွေ့ရတာ"

သူမြင်ရတဲ့အကြောင်းအရင်းကို ကျောင်းစောင့်ကဖြေသည်။ စိုင်းအောင်က ခေါင်းညိတ်ပြီး.....

"ကောင်းပါပြီ၊ ခုလောလောဆယ်တော့ ကျွန်တော်တို့ဌာနမှာပဲနေပေးပါဦး၊၊ "

စိုင်းအောင်ကပြောသည်။အခင်းဖြစ်သွားတဲ့ ကျောင်းကိုပြန်မနေစေရန်အတွက် ကျောင်းစောင့်ကိုသူတို့ဌာနမှာသာနေစေသည်။

စိုင်းအောင်ရဲ့ စကားကိုကျောင်းစောင့်ကခေါင်းညိတ်သည်။

"ဟုတ်ကဲ့ ၊၊ ကျွန်တော်နေပါ့မယ်"

"ကောင်းပြီ"

စိုင်းအောင်က ဘေးနားကဂျောင်ဝူးကိုကြည့်ပြီး...

"နေရာမယ်နေရာလိုက်ပြလိုက်ဦး၊၊ ငါခေါင်းဆောင်ကိုဖုန်းဆက်လိုက်ဦးမယ်"

စိုင်းအောင်ပြောလိုက်တော့ ဂျောင်ဝူးက ကျောင်းစောင့်ကိုကြည့်ကာ....

"ကျွန်တော့်နောက်ကလိုက်ခဲ့ပါ"

"ဟုတ်ကဲ့"

ထို့နောက် ၂ယောက်သား အခန်းအပြင်ထွက်လာခဲ့သည်။ ကျောင်းစောင့်ကဘေးနားကနေလျောက်ပြီး ဂျောင်ဝူးကလဲ ဘေးနားကနေလိုက်သည်။

THE EYEWhere stories live. Discover now