<Unicode>
နောက်ကျိနေတဲ့ခေါင်းကြောင့် အိပ်ရာထကာစမင်းဆက်မှာ မူးဝေနေတာကိုခံစားနေသည်။ညကကိစ္စကိုပြန်သတိရတော့ သူစိတ်ထဲအနည်းငယ်တင်းသွားသညိ။
ဘာလို့ သူ့ကိုအာဏာကဒီလိုလုပ်ရတာလဲ။ အိပ်ဆေးကနွားနို့ထဲပါလာတာ အသိသာကြီးပင်။ မဟုတ်ရင်ဒီလောက်နဲ့သူအိပ်ပျော်မှာမဟုတ်။
မင်းဆက် နာရီကြည့်လိုက်တော့ မနက်၆နာရီဖြစ်နေသည်။ ဘေးနားမှာထားတဲ့ဖုန်းကိုယူကြည့်လိုက်တော့ ပါဝါပိတ်ထားသည်။
သူမျက်မှောင်ကြုတ်ကာဖုန်းကိုပါဝါပြန်ဖွင့်လိုက်သည်။ဝင်ထားတဲ့misscallတွေရှင်းခန့်ဆီကmessageတွေလဲအများကြီးပင်။
မင်းဆက်အနည်းငယ်တော့အံ့ဩသွားသည်။ ဘာလို့ဒီလောက်တောင်ခေါ်ထားတာလဲ။
သူတွေးရင်း ဖုန်းဝင်လာတာ့ အနည်းငယ်လန့်သွားသည်။ ကြည့်လိုက်တော့ ရှင်းခန့်။
"ဟယ်လို "
"မင်း ဘာလို့ဖုန်းမကိုင်တာလဲ။ အဆင်ပြေလား"
"အေးပြေပါတယ် ဘာလို့လဲ"
"ငါတို့နောက်ထပ်သေတဲ့လူတစ်ယောက်ထပ် တွေ့ပြီ မင်းဆက် ၊ မင်းလာခဲ့ဦး"
"ဘာ ငါအခုထွက်လာခဲ့မယ်"
"အေး"
မင်းဆက်ဖုန်းချပြီး မွေ့ရာပေါ်ကဆင်းလိုက်သည်။ထို့
နောက် ကပြာကယာမျက်နှာသစ်ပြီး အဝတ်အစားလဲ
ကာ အခန်းထဲကထွက်လာခဲ့သည်။ သူအောက်ထပ်ရောက်မှ အာဏာကိုသွားသတိရသည်။"ဒေါ်ကြီး အာဏာရော"
"မနက်ထဲကထွက်သွားပြီ သားကိုတော့အိပ်ရေးဝဝအိပ်ပါစေဆိုပြီးမနှိုးဘဲထွက်သွားတယ်"
မင်းဆက်စိတ်ထဲတော့ဘဝင်မကျလှ။ ညကနွားနို့ကိစ္စကြောင့် မင်းဆက် စိတ်ထဲတော့တစ်ခုခုလေးနေ
သလိုဖြစ်နေသည်။"ဟုတ်ကဲ့ ကျွန်တော်အပြင်သွားလိုက်ဦးမယ်"
"မနက်စာမစားတော့ဘူးလား သား"
"မစားတော့ဘူး ပြန်လာမှစားတော့မယ်"
"အေးအေ ဂရုစိုက်ဦး"