<Unicode>
တစ်ကိုယ်လုံးကို တင်းကျပ်စွာဖက်ထားတဲ့
အာဏာကြောင့် မင်းဆက်နိုးလာခဲ့သည်။သူ့ကို
တင်းကျပ်စွာဖက်ထားတဲ့အာဏာကို မော့ကြည့်မိ
သည်။ဆံပင်တွေကိုစည်းမထားတဲ့အတွက် ခေါင်းအုံးပေါ်
တွေရော ပခုံးပေါ်တွေရောမှဖြာကျနေသည်။သူများ
ထက်ထူးခြားပြီး နက်မှောင်တဲ့မျက်ခုံး။ဖြောင့်ဆင်းနေတဲ့နှာတံ၊ ခပ်မဲ့ပြုံးရင်တောင်သိပ်ကြည့်
လို့ကောင်းတဲ့နှုတ်ခမ်း။ မင်းဆက်ကြည့်နေရင်း အဖု
အထစ်မရှိတဲ့ ပြောင်ချောနေတဲ့ ပါးပြင်ကိုဖွဖွလေး
ပွတ်သပ်မိသည်။လက်တွေကလဲ သူ့ကိုဖက်ထားတာကို ခုထိမလွှတ်သေး။မင်းဆက် သူခေါင်းအုံးထားတာ အာဏာရဲ့လက်
ဆိုတာသိတော့ ခေါင်းကိုကြွကာဖယ်ပေးဖို့ပြင်လိုက်
သည်။တစ်ညလုံးခေါင်းထားတာကိုသိလိုက်တော့ အားနာ
သွားသည်။ တစ်ညလုံးခေါင်းအုံးထားတော့ ညောင်း
နေမည်ဆိုး၍ မင်းဆက်ခေါင်းကိုကြွလိုက်ပြီး ထရန်
ပြင်လိုက်သည်။စောင်ကိုအသာလှပ်ပြီး မွေ့ရာပေါ်ကိုဆင်းရန်တစ်ဖက်ကိုလှည့်လိုက်သည်။ ရုတ်တရက် အာဏာကနောက်ကိုခါးကိုပြန်ဆွဲလိုက်တဲ့အတွက် သူ အာဏာရဲ့လက်ပေါ် ခေါင်းပြန်အုံးမိသွားသည်။
"ဖယ်တော့ ငါထတော့မယ်"
မင်းဆက်ပြောလိုက်သော်လည်း အာဏာဖယ်မပေး။ ပိုတိုးကာဖက်လိုက်ပြီး မင်းဆက်ရဲ့ဂုတ်ကိုမျက်နှာအပ်ကာ ဖက်ထားသည်။
မင်းဆက် ဂုတ်ကရွစိရွစိဖြစ်လာတဲ့အတွက် အနည်း
ငယ်ရုန်းလိုက်သည်။"ယားတယ် ဖယ်တော့"
"အင်း ခဏလေး"
အာဏာက တစ်ခွန်းပဲပြောပြီး ဆက်ပြီးဖက်ထား
သည်။ မင်းဆက်ကလဲ ဆက်ပြီးတော့"ထတော့လေ ဌာနသွားရမယ်လေ"
သူပြောလိုကတော့ အာဏာကဖက်ထားတာကို လွှတ်
ပေးလိုက်သည်။ မင်းဆက်လဲ ထိုအခါမှထလိုက်ပြီး
မွေ့ရာအစပ်မှာထိုင်နေလိုက်သည်။မွေ့ရာပေါ်မှာထိုင်နေပြီးခြေထောက်ကိုအောက်ချ
ထားသည့်မင်းဆက်ရဲ့နောက်ကနေအာဏာက
ခါးကိုသိုင်းဖက်လာသည်။