Part_62

7K 1.1K 196
                                    

<Unicode>

ညီလင်းတိုက်ခန်းမှာအေးဆေးနေရင်း ရှင်းခန့်စုံစမ်း
ခိုင်းနေတာကိုစုံစမ်းပေးနေသည်။ အချိုရည်တစ်ဗူးကိုဘေးချထားပြီး  မုန့်စားလိုက် အလုပ်လုပ်လိုက်နဲ့
တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။

ရှင်းခန့်ပေးတဲ့USBကိုကြည့်ရင်းမျက်မှောင်ကြုတ်လိုက်သည်။No fileလို့သာပြနေတဲ့အတွက်ဖြစ်သည်။

"ဘာလဲဟ"

သို့သော် သူ့အတွက်ကဒါမျိုးတွေလုပ်ရတာများနေပြီ
ဖြစ်သည်။ညီလင်းက နည်းပညာပိုင်းမှာကျွမ်းကျင်တဲ့
လူတစ်ယောက်။ ထို့ပြင် အလုပ်လဲတခြားအရာမလုပ်။

ခုလိုမျိုးတစ်ခုခုစုံစမ်းချင်တာတွေ၊ ကုမ္မဏီမှာရှယ်ယာ
ကိစ္စတွေကိုသူကူညီပေးခြင်းဖြစ်သည်။

မနက်ထဲက computerရှေ့ကမထရသေး နေ့ခင်း
ပင်ရောက်လာပြီဖြစ်သည်။

"ရပြီကွ!"

ခဏကအကြာ စောနကno fileနေရာမှာပေါ်လာတဲ့
fileတွေကြောင့်ညီလင်းတတ်ကြွစွာအော်လိုက်သည်။

ဘေးနားကအချိုဗူးကိုမော့သောက်လိုက်ပြီး ခုံမှာကျောမှီကာအေးဆေးထိုင်နေလိုက်သည်။မနက်ထဲက ထိုင်နေရတော့ သူညောင်းကာပင်ပန်းနေပြီဖြစ်သည်။

"အဟားး ဒါလေးများလွယ်လွယ်လေးကို"

သူပြောပြီးကျောမှီ ထိုင်နေရာမှ မတ်လိုက်ပြီး

"ကဲ  ဘာfileတွေလဲကြည့်ရအောင် ကြည့်လိုက်လို့ ရှင်းခန့်တော့စိတ်မဆိုးလောက်ပါဘူး"

ညီလင်းပြောပြီး fileတစ်ခုချင်းဆီကိုဝင်ကြည့်လိုက်
သည်။ပထမသီချင်လေးညည်းကာအေးအေးဆေနဲ့
ကြည့်နေပေမဲ့ နောက်ပိုင်းညီလင်း လန့်လာသည်။

"ဘာလဲဟ  "

ညီလင်းတဖြည်းဖြည်းအံ့ဩလာသည်။ screenပေါ်ကအရာတွေကိုကြည့်ပြီး ညီလင်းလန့်လာသည်။

ထို့နောက် သူချက်ချင်းထိုUSBကိုဖြုတ်လိုက်
သည်။ အနက်ရောင်USBကိုကြည့်ရင်း သူလန့်လာ
သည်။

ထို့နောက် ထိုUSBကိုအံဆွဲထဲထည့်လိုက်ပြီး နောက်ထပ် USBအနီရောင်လေးကို သူတပ်ကြည့်လိုက်
သည်။

THE EYEWhere stories live. Discover now