<Unicode>
ခွင့်ပြုချက်ရပြီးနောက်မှာတော့ ဩစီမှာ၁၀ရက်လောက်နေကာ နှစ်ယောက်စလုံးပြန်လာခဲ့ကြသည်။
ကုမ္မဏီကိစ္စကလဲ လွှတ်ထားလို့မှမရတာပဲလေ။
"ကျွန်တော် အာဏာနောက်ကိုလိုက်သွားဦးမယ် နေ့လည်စာ ဟိုမှာပဲစားမယ်နော်"
"သားငယ်နဲ့လား"
"ဟုတ်ဒေါ်ကြီး ထမင်းမပြင်နဲ့တော့"
"အေးအေးသား သတိထားမောင်းဦး"
"ဟုတ်ကဲ့"
ဒေါ်ကြီးကိုနှုတ်ဆက်ကာကားဖြင့်အာဏာရှိရာကုမ္မဏီကိုထွက်လာခဲ့သည်။
အဖြူရောင်တီရှပ်နဲ့ဂျင်းဘောင်းဘီအပွလေးကိုတွဲဖက်ဝတ်ဆင်ကာ ခြေသလုံးလေးပေါ်အောင်ခေါက်ထားတော့ ကြည့်လို့ကောင်းလှသည်။
Shoes အဖြူလေးကိုပါစီးလိုက်တော့ ဆယ်ကျော်သက်လေးလို။နေကာမျက်မှန်ကိုတပ်ကာ ဆံပင်ကိုလှန်တင်ထားတဲ့အတွက် မင်းဆက်ရဲ့ပုံစံမှာချစ်စရာကောင်းမနေဘဲ ချောမောတဲ့အသွင်ဆောင်နေသည်။
မင်းဆက်ကားပေါ်တတ်ကာ ဦးတည်ချက်ကအာဏာရှိရာ။
ကုမ္မဏီရှေ့ရောက်တော့ ကားရပ်လိုက်ကာကားပေါ်ကဆင်းလိုက်သည်။ သူ့ကိုဘယ်သူလဲသိကြတော့ အားလုံးကနှုတ်ဆက်ကြသည်။
အရင်ကSuitကိုသာဝတ်တတ်တဲ့ မင်းဆက်ကို ခုလိုလူငယ်ပုံစံပေါ့ပေါ့ပါးပါးဝတ်စားထားတာမြင်လိုက်ရတော့ အားလုံးကမငေးဘဲမနေနိုင်။
လာနှုတ်ဆက်တဲ့ ဝန်ထမ်းတွေကိုပြန်လည်နှုတ်ဆက်ကာ အာဏာရဲ့ရုံခန်းကိုတတ်လာခဲ့သည်။
ဓာတ်လှေကားအထွက် မြင်လိုက်ရတာကအတွင်းရေးမှူးကောင်မလေး။
သူ့ကိုမြင်တော့ အံ့ဩသွားသလိုကြည့်လာသည်။
မျက်မှန်ကိုချွတ်ကာ ပြုံးပြလိုက်တော့ကောင်မလေးက အနားရောက်လာသည်။"သခင်လေး ဘယ်လိုရောက်လာတာလဲ"
"ဒီတိုင်း CEOရှိလား"
"ဟုတ် ရှိတယ် ဒါမဲ့"
"ဒါမဲ့ ဘာလို့လဲ"